မိုးမခကဗျာ - မောင်နွေထက် "ငါ့ ဝိဉာဉ်နဲ့ထွန်းညှိထားတဲ့ ပဥ္စလက်မီးအိမ်"
စက်တင်ဘာ ၂၈၊ ၂၀၂၁
"ငါ့ ဝိဉာဉ်နဲ့ထွန်းညှိထားတဲ့ ပဥ္စလက်မီးအိမ်"
မောင်နွေထက်
ပီကာဆိုရဲ့ဂွာရာနီးကား ပန်းချီကားက
ငါ့ ရှေ့မှာ ရောက်နေပြီ
ငါ့မလဲ
ဂွာရာနီကား ပန်းချီကားထဲ ရောက်နေပါရောလား
ပြင်သစ်ကဗျာဆရာ ပရေးဗားက
ငါ့ကို
ပီကာဆိုရဲ့ ပဥ္စလက်မီးအိမ်ကဗျာ ရွတ်ပြတယ်
ငါက
ပရေးဗားရဲ့ပဥ္စလက်မီးအိမ် ဖြစ်သွားတယ်
ဂွာရာနီကား ပန်းချီကားထဲက
ငါ ထွက်ဖို့
ငါ
ငါ့ ပဥ္စလက် မီးအိမ်ကို
ငါ့ ဝိဉာဉ်အလင်းနဲ့ ထွန်းညှိလိုက်တယ်
၂၅-စက်တင်ဘာ-၂၀၂၁
စနေည -၁၀-နာရီ-၃၀-မိနစ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar