မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၁ပေါက်ကွဲမှု ၊ ပစ်ခတ်လုပ်ကြံမှု၊ ဖမ်းဆီးသတ်ဖြတ်မှုများနဲ့ ကျေးရွာမီးရှို့တဲ့ သတင်းတွေနဲ့ တနေ့တာ
ကမ္ဘာ့သတင်းတွေထဲ ဘယ်နိုင်ငံမှာတော့ ကိုဗစ်ကူးစက်မှုတွေ ကျဆင်းလို့ ကန့်သတ်မှုတွေ ရုပ်သိမ်းတော့မယ်၊ ဘယ်နိုင်ငံကတော့ဖြင့် ကိုဗစ်ကာကွယ်ဆေး လူဦးရေရဲ့ ၈၀ ရာနှုန်းထိုးပြီးပြီ၊ ဘယ်နိုင်ငံကတော့ဖြစ် စီးပွားရေး ပြန်ဦးမော့လာဖို့ ဘယ်လိုမူဝါဒတွေ ချမှတ်နေပြီဆိုတဲ့ သတင်းတွေ အချို့နိုင်ငံတွေမှာတော့ ကိုဗစ်ကူးစက်မှု မြင့်တက်လာတယ်ဆိုတာ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတာ၊ အကြမ်းဖက်မှု ပေါက်ကွဲမှု စတဲ့သတင်းတွေ ဖတ်နေရပါတယ်။
မြန်မာနိုင်ငံက ပထမ အကြောင်းအရာထဲက နိုင်ငံတွေလို စီးပွားရေး ပြန်နလံထူဖို့ ကြိုးပမ်းနေတာ၊ ကာကွယ်ဆေးရာနှုန်းအများအပြား ထိုးနှံပြီးတာ ၊ စီးပွားရေးကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်ဖို့ ဖြေလျော့မှုတွေ အစိုးရရဲ့ အကူအညီအစီအစဥ်တွေစတဲ့ သတင်းမျိုးတွေ ဖတ်ရဖို့ အလားအလာမရှိသလောက် ဖြစ်ပြီး ဒုတိယအမျိုးအစား ဖြစ်တဲ့ပဋိပက္ခသတင်းတွေ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်ခံရမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုတဲ့ အမျိုးအစားသတင်းတွေက နေ့စဥ်သတင်းတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းနောက်ခံ၊ အတိတ်က ဖြစ်ရပ်တွေရဲ့ အကျိုးဆက်၊ အာဏာကို ထိန်းချုပ်ထားတဲ့ အင်အားစုတွေရဲ့ အကျိုးစီးပွား၊ အုပ်စုအသီးသီးက ဦးဆောင်သူတွေ စတဲ့ အကြောင်းအချက်တွေက ပစ္စုပ္ပန်အဖြစ်အပျက်တွေကို ပုံဖေါ်နေကြတာ လို့ယေဘုယျကောက်ချက်ချမိပါတယ်။ ပဋိပက္ခ ဝဲဂယက်က တကြိမ်ကျရောက်သွားရင် တော်ရုံနဲ့ ဝဲဂယက်ထဲက ထွက်ဖို့ခက်ခဲတဲ့ အနေအထားလည်း ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။
ယနေ့သတင်း ခေါင်းစဥ်တွေကို စုစည်းကြည့်တဲ့အခါ မန္တလေးမြို့ ကညန ရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦး သို့မဟုတ် ၈ ဦးထိ ဒဏ်ရာရကြတယ်ဆိုတဲ့ သတင်း၊ မုံရွာမှာတော့ မုံရွာမြို့အနီးက မုံရွေးကြေးမုံလို့ တွဲဖက်ခေါ်ဆိုကြတဲ့ ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ပစ်ခတ်တာတွေ ဖမ်းဆီးတာတွေရှိပြီး ရွာခံတဦး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်း၊ ရန်ကုန်မြို့မှာတော့ ဒဂုံတောင်မြို့နယ်မှာ သတင်းပေးလို့ စွပ်စွဲခံရတဲ့သူတဦး နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံရတယ် ဆိုတဲ့သတင်းတွေ မင်းကင်းမြို့နယ်ဘက်မှာလည်း အရင်ရက်တွေကတည်းက ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ နောက် ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့နေတဲ့ သတင်းတွေဖြစ်ပါတယ်။
ဒီသတင်းတွေနဲ့ သဘောသွားချင်းဆန့်ကျင်ဘက် သတင်းတပုဒ်ကတော့ စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ရည်ရွယ်ထုတ်ပြန်လိုက်တဲ့ အောက်တိုဘာ ၁ ရက်နေ့က နေ နောင်နှစ် ဖေဖေါ်ဝါရီလကုန်ထိ ၅ လတာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ တဖက်သတ်ရပ်ဆိုင်းမယ်ဆိုတဲ့ ထုတ်ပြန်ချက် သတင်းတွေ ဖြစ်ပါတယ်။
မကြာခင်က ရုံးတွေ ပြန်ဖွင့်ပြီးနောက် မန္တလေးမြို့က ကညန မှာ ဆိုင်ကယ်၊ မော်တော်ကား လိုင်စင် သက်တမ်းတိုးတာတွေ ပြန်လည် လုပ်ဆောင်နေတဲ့ နေရာကို လူစည်ကားချိန်မှာ ဆိုင်ကယ်နဲ့ သူတချို့က ပေါက်ကွဲစေတဲ့ လက်လုပ်ဗုံးနဲ့ ပစ်ခဲ့ရာက ဆိုင်ကယ်၊ ကား မှတ်ပုံတင်သက်တမ်းတိုးဖို့ တန်းစီသူအချို့ ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖေါ်ဝန်ခံပြောဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီကို အခွန်အကောက် မရအောင် ၊ စစ်စရိတ်မရအောင် အခွန်မဆောင်ကြဖို့ နွေဦးတော်လှန်ရေးဘက်တော်သားတွေက လှုံ့ဆော်ထာကြပြီး ကညန ရုံးလို၊ လျှပ်စစ်မီတာခ ဆောင်တဲ့နေရာလိုမျိုးတွေကို ဖောက်ခွဲမှုတွေ လုပ်မယ်လို့ သတိပေးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ မြို့အချို့မှာ လျှပ်စစ်မီတာဆောင်တဲ့ ရုံးတွေမှာ ဗုံးကွဲမှုတွေ ဖြစ်ခဲ့ဖူးပြီး မော်လမြိုင် ကညန ရုံးမှာလည်း မကြာသေးခင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လျှပ်စစ်မီတာခ မဆောင်ရေး လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၆လ ၇ လခန့်ကတည်းက လှုံ့ဆော်ခဲ့ပြီး လူနေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းအချို့က ပေးဆောင်ခြင်း မပြုပဲ နေကြတာလည်း ဖြစ်ပါတယ်။
မုံရွာမြို့နယ်က မုံရွေးကျေးရွာမှာ ဖြစ်ပျက်တဲ့ စစ်ကောင်စီဝင်စီးမှုမှာတော့ အနည်းဆုံး တဦးသေဆုံးပြီး ရွာသားအချို့ ဖမ်းဆီးခံရတယ်ဆိုပါတယ်။ နံနက် ၅နာရီခွဲကတည်းက ကျေးရွာကို ဝင်စီးပြီး ပီဒီအက်ဖ်လို့ မသင်္ကာသူတွေကို ဖမ်းဆီးတာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။ သတင်းအချက်အလက် အသေးစိတ် မသိရှိကြရသေးပါဘူး။ ယခုနောက်ပိုင်း လုံခြုံရေး အကြောင်းကြောင့်နဲ့ အင်တာနက် ဖြတ်တောက်မှုတွေကြောင့် အဖြစ်အပျက်အသေးစိတ် အချက်အလက်တွေ ယခင်ကလို ပြည့်ပြည့်စုံစုံ ထွက်ရှိမလာတော့တာ သတိပြုမိပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တင်ကြတဲ့ ပို့စ်တွေကြောင့် သော်လည်းကောင်း သတင်းမီဒီယာကို ဖြေကြားမှုတွေက တဆင့်ဘယ်သူဘယ်ဝါဆိုတာ သိရှိနိုင်တဲ့အခါ အညှိုးထားပြီး ဖမ်းဆီးတာ ညှင်းဆဲနှိပ်စက်တာတွေ ရှိတာကြောင့် သတင်းရင်းမြစ်တွေ အနေနဲ့ ဖြေဆိုဖို့ ဝန်လေးလာကြတာ ဖြစ်ပါတယ်။
အင်တာနက် ဖြတ်တောက်မှုတွေကြောင့် အချို့ဒေသက သတင်းတွေ ယခုနောက်ပိုင်း ဆိုရှယ်မီဒီယာနဲ့ မီဒီယာပေါ် သိပ်မရောက်လာကြတော့ပါဘူး။ ဥပမာအားဖြင့် ကနီနယ်၊ မင်းကင်း၊ ယင်းမာပင် စတဲ့ နယ်က ပီဒီအက်ဖ်နဲ့ စစ်ကောင်စီ တိုက်ခိုက်မှုတွေ ကျေးရွာတွေကို မီးရှို့ပြီး မြေလှန်တဲ့ လုပ်ရပ်တွေက သတင်းတွေထဲ သိပ်မတွေ့ရတော့တာ ဖြစ်ပါတယ်။
ဒီနေ့အထက်က သတင်းတွေနဲ့ သဘောသဘာဝ ဆန့်ကျင်နေတဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်တခုကတော့ ၅ လတာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားမယ် ဆိုတဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။ ဒီလိုထုတ်ပြန်ချက်မျိုး အရင့်အရင် စစ်အာဏာ မသိမ်းမီကလည်း ထုတ်ပြန်ခဲ့ဖူးပြီး တခါတရံ ၂ လ၊ ၃ လ တာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သတ်သတ်မှတ်မှတ် အနေနဲ့ ရခိုင်ပြည်နယ်က AA ကိုချန်လှပ်ပြီး ကျန်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး အကျုံးဝင်တဲ့ ထုတ်ပြန်ချက်တွေ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေတုန်းကလည်း ထုတ်ပြန်ခဲ့ဖူးပြီး လက်တွေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခပ်ရပ်စဲတဲ့ ရလဒ်တွေတော့ မတွေ့ရှိခဲ့ရပါဘူး။
ခုတကြိမ် ထုတ်ပြန်ချက်ကိုလည်း အလားတူ သဘောသွားလို့ ယူဆရပါတယ်။ တခုထူးခြားတဲ့အချက်က စာမျက်နှာ ၆ မျက်နှာ ရှိတဲ့ အကျိုးအကြောင်း ဖေါ်ပြချက်တွေနဲ့ ထုတ်ပြန်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ရေး အမြင်အရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားနိုင်မယ် ဆိုရင် ဒေသအလိုက် တိုက်ခိုက်နေတဲ့ ပီဒီအက်ဖ်တွေကို အာရုံစိုက် ချေမှုန်းဖို့ ရည်ရွယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီလို စစ်ရေးအမြင်မျိုးက ထူးဆန်းတဲ့ ဗျူဟာတော့မဟုတ်ပါဘူး။ ရန်သူတွေအားလုံးနဲ့ စစ်မျက်နှာအားလုံးကို တပြိုင်နက်ဖွင့်လှစ်ထားရင် တိုက်ပွဲနိုင်နိုင်ခြေ မရှိတာကို စစ်ရေးအရ လွယ်လွယ်ကူကူပဲ နားလည်နိုင်ပါတယ်။ ရန်သူတချို့ကို အပေးအယူတချို့ ကမ်းလှမ်းမှု မျှော်လင့်ချက် တချို့နဲ့ ယာယီ အတိုက်ရပ်ထားနိုင်ခဲ့ရင် အဓိက ရန်သူကို အားပြု တိုက်နိုင်မယ်ဆိုတဲ့ နည်းနာပဲ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar