Breaking News

မည်သူ တစ်ဦးတစ်ယောက်မှ CDF-Mindat အဖွဲ့အစည်းကို ကိုယ်စားမပြုဟု ထုတ်ပြန်



မည်သူ တစ်ဦးတစ်ယောက်မှ CDF-Mindat အဖွဲ့အစည်းကို ကိုယ်စားမပြုဟု ထုတ်ပြန်

(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၂၁

မည်သူ တစ်ဦးတစ်ယောက်မှ CDF-Mindat အဖွဲ့အစည်းကို ကိုယ်စားမပြုပါ။ ထို့အတူ CDF-Mindat ကို အမည်ခံ၍ မည်သူမျှ တစ်သီးပုဂ္ဂလနေဖြင့် အများပြည်သူထံ အလှူခံခွင့်မရှိပါ။ CDF-Mindat သည် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လက်အောက်တွင်ရှိပြီး ကာကွယ်ရေးကဏ္ဍကို တာဝန်ယူသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

CDF-Mindat ကို လှူဒါန်းလိုသူများသည် ဤစာမျက်နှာဖြစ်သည့် Chin Defence Force - Mindat မှ‌တဆင့် (သို့မဟုတ်) မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့ စသည့်အွန်လိုင်းစာမျက်နှာများမှ တဆင့် ထောက်ပံ့လှူဒါန်းနိုင်ပါသည်။ CDF-Mindat ကို တိုက်ရိုက်ကူညီလှူဒါန်းသူများကို မင်းတပ်ပြည်သူ့အုပ်ချုပ်ရေး၏ တံဆိပ်တုံးဖြင့် 'ကျေးဇူးတင်လွှာ' ထုတ်ပြန်ပေးပါသည်။

ယခုအခါ အကောင့်တုများဖြင့် အခြားစာမျက်နှာများမှတဆင့် အွန်လိုင်းပေါ် လိမ်လည်အလှူခံနေမှုများတွေ့ရှိနေရပါသည်။ တစ်သီးပုဂ္ဂလတစ်ဦးတစ်ယောက်အနေဖြင့် CDF-Mindat ၏တရားဝင် လိုဂိုအား အသုံးပြု၍ ကိုယ်ကျိုးအတွက် စီးပွားရှာ အလှူငွေကောက်ခံခြင်းကို CDF-Mindat အနေဖြင့် အထူးတားမြစ်ထားပါသည်။

ထို့အပြင် တစ်သီးပုဂ္ဂလအလှူခံသူများအနေဖြင့် မိမိတို့၏ အလှူခံစာရင်းရှင်းတမ်းများကို ကိုယ်တိုင် တာဝန်ယူ‌‌ဖြေရှင်းရမည်ဖြစ်ပြီး CDF-Mindat အနေဖြင့်သော်လည်းကောင်း၊ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့သော်လည်းကောင်း တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar