Breaking News

မိုးမခကဗျာ - ကျော်ဟုန်း '' ဆောင်းဦးလှိုင်ရဲ့ ဂစ်တာ ''

မိုးမခကဗျာ
အောက်တိုဘာ ၁၄၊ ၂၀၂၁

'' ဆောင်းဦးလှိုင်ရဲ့ ဂစ်တာ ''
ကျော်ဟုန်း

တရားအားထုတ်မှ မဟုတ်ဘူး
မဟာမြိုင်ဗောဓိဆရာတော်ကြီးကို
အတင်းလိုက်ရှာဖူးတွေ့မှ မဟုတ်ဘူး
နှလုံးသားထဲ ဓမ္မတည်နိုင်ရင် ဖြစ်ပြီ။

ဆောင်းဦးလှိုင်ရဲ့ဂစ်တာကို
နယ်စည်းမခြား မြန်မာပြည်သားတွေ
ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသားတွေ
အလုအယက် လေလံဆွဲနေတာ
နှလုံးသားထဲ ဓမ္မတည်နေလို့။

​ဒီဂစ်တာကို ရတဲ့သူတွေထဲမှာ
ဂစ်တာ မတီးတတ်သူတွေ ပါတယ်​။

ဂစ်တာ မဖြစ်ညစ်ကျယ်ဘဲ
တီးတတ်သူတွေ ပါတယ်။

ဂစ်တာ တီးတတ်ဖို့ အဓိကမဟုတ်
​အိမ်ဧည့်ခန်းမှာ ချိတ်ဆွဲပြီး
တစိမ့်စိမ့်ပီတိစွက်နေရမှာကိုက
လေလံကြေးထက်မြင့်တဲ့ ကြေး
ဒါ နွေဦးတော်လှန်ရေးပံ့ပိုးမှုလေ
ဒါ ဓမ္မက အဓမ္မကို
အပြီးသတ်မယ့်ပွဲအတွက်လေ
ပီတိဆီကို ဂွမ်းစွတ်ရသလို စိမ့်စွ။

ဆောင်းဦးလှိုင်ရဲ့ဂစ်တာမှာ
ပဉ္စသိင်္ခရဲ့တတိယသံစဉ်တွေ ပါတယ်။

ဓမ္မကို ဓမ္မချစ်သူတွေထက်
ဓမ္မကို အဓမ္မကျင့်ခံရသူတွေက
ပိုမြတ်နိုးခုံမင်တတ်ကြတယ်မဟုတ်လား။


၂၀၂၁၁၀၁၁

( အဆိုတော် ဆောာင်းဦးလှိုင်နှင့် ရံပုံငွေပွဲစဉ်တလျှောက် ဦးဆောင်ပါဝင်ကျင်းပသူများ၊ အားပေးသူမြန်မာပြည်သားအားလုံးကို ဤကဗျာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါသည်။)

 


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar