Breaking News

မိုးမခကဗျာ - မောင်လွမ်းဏီ '' နွေဦးရဲဘော် ''


မိုးမခကဗျာ
အောက်တိုဘာ ၉၊ ၂၀၂၁

'' နွေဦးရဲဘော် ''
မောင်လွမ်းဏီ

လက်ဖြောင့်တပ်သား
ကဗျာမြားပေါ့ချစ်သူရယ်
တော်လှန်တေးသွား ဆိုရမလား
အနာဂတ်သွား 
တော်လှန်တောလားလည်း ဖြစ်လိမ့်မယ်။

ယုံကြည်ချက်တွေ၊ မျက်ရည်နဲ့စိမ်
တိမ်တွေတောက်တိုင်း၊ လွမ်းခိုင်းသလို။

မျိုးဆက်တွေအတွက်တဲ့
ရင်နဲ့စည်းနှောင်
အသည်းနှလုံးမှာ ဘောင်ခတ်ချိတ်ဆွဲတယ်။

ရေစီးရဲ့ ကစင့်ကလျား အလျင်တွေထဲမှာ
နောင်တမဲ့ ချစ်ခြင်းတရား
တရားမျှတမှု ရင်တဆုံး
ပြုံးနိုင်ပါတယ်ဆိုပဲ။

သတိတွေရ ရလာရင်
သေနတ်ပြောင်းလေးကို 
ထွေးဖက်ချော့မြူမိပြန်ရော။ 

ရာသီပြောင်းချင်ပြီ
အေးစက်ထုံကျဉ်တယ် 
ဆောင်းဝင်စနွေဦးက 
တိမ်တောင်တွေ တောက်ပပေမယ့်
တမ်းတခြင်းတွေပဲပွင့်တဲ့ နွေဦးပေါ့
တောင်ရိပ် တောရိပ်တိုင်းမှာ ဖူးတယ်။     ။


၉ စက်တင်ဘာ ၂၀၂၁
ဓာတ်ပုံဆရာလေးကိုလည်း ဂါရဝဖြင့် ....
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar