Breaking News

ဆာသော်ဒိုး - ကြင်စိုး

Image -Crd
ကြင်စိုး
ဆာသော်ဒိုး
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၁


ခုရက်ထဲမှာ ငယ်သူငယ်ချင်းတွေကို သတိရနေမိတယ်။ အဲသည်အထဲမှာ "ကြင်စိုး" လဲ ပါတယ်ခင်ဗျ။ 

တစ်ကျောင်းထဲထွက် တစ်ရပ်ကွက်ထဲသား။
ဒီကောင်နဲ့ ကျနော်နဲ့ အတူတွဲပြီးလမ်းလျောက်လာရင် " it " လို့ စကြသဗျ။ စမှာပေါ့ ကျနော်က ၆ ပေနီးနီးရှိပြီး သူကတော့ ၅ ပေနီးနီးပဲ ရှိတာကိုး။

ဒီရက်ထဲ "ကြင်စိုး" ကိုသတိရမိရင်းကနေ လူကြီးမိဘဆရာသမားတွေက သားသမီးတွေကို "အမည်ပေးပုံ" တွေကိုပါ သွားပြီးစဉ်းစားဖြစ်ပြန်ပါတယ်။

မိဘတွေက သားသမီးတွေကို နာမည်တွေဘာတွေပေးတဲ့အခါ နေ့သင့်နာမ်သင့် ပေးတတ်ကြတာကိုး။ တနင်္လာသားသမီးဆိုရင် "က၊ ခ၊ ဂ၊ ဃ၊ င" တွေအစပြု ပြီးတော့မှည့်တတ်ကြတယ်။ အင်္ဂါဆိုရင် " စ၊ ဆ၊ ဇ၊ စျ၊ည" တွေအစပြု ပြီး မှည့်ပေးကြတယ်။ ဗုဒ္ဓဟှူ းဆိုရင် " ယ၊ ရ၊ လ၊ ၀ " အစချီကာ မှည့်ပြီး ကြာသပတေးဆို "ပ၊ ဖ၊ ဗ၊ ဘ၊ မ" အစချီတတ်ကြတာမျိ ု းပါ။ သောကြာသား သမီးဆို " သ၊ ဟ " အစချီပေါ့။ စနေသား ဆို "တ၊ ထ၊ ဒ၊ ဓ၊ န" အစချီတတ်ကြသလို တနင်္ဂနွေဆိုရင်တော့ "အ" အစမှည့်ကြပေါ့။

ငယ်စဉ်ကာလ ကျောင်းသားဘဝမှာ သူငယ်ချင်းတွေရဲ့နာမည်တွေကို ပြောင်းပြန်နောက်နောက်ပြီးခေါ်တဲ့အခါမှာ  "စိုးသော်တာ" ဆိုတာကို "ဆာသော်ဒိုး" လို့ ပြောင်းပြန်အခေါ်ခံခဲ့ရပါတယ်။ "ဆာသော်ဒိုး" ဆိုတော့ မဆိုးဘူးလို့ပြောရမယ်။ လှလည်းလှတယ်ဆိုရမယ်။
အင်္ဂလိပ်လိုရေးရင် "Sir Thaw Doe" လို့ ပေါင်းတော့ မိုက်တာပေါ့ဗျာ။ "ဆရာကျ" တာပေါ့။

အဲသည်မှာ သတိမထားမိဘဲ မှည့်လိုက်မိကြပြီး စလို့ နောက်လို့ကောင်းတဲ့အမည်တွေ ရှိလာတတ်ပါတယ် ခင်ဗျ။ "ပြဿနာ" ရှိလာတတ်တဲ့အမည်တွေ အတော်များများကိုလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ဘူူးတာ အမှန်ပါခင်ဗျ။

အဲသည်မှာ သူငယ်ချင်းတွေထဲမှာ ပြောင်းပြန်ခေါ်ရင် လုံးဝကိုအဆင်မပြေတဲ့သူတွေ ရှိခဲ့ဖူးပါသဗျ။ အချိ ု့က သူတို့နာမည်ကို ပြောင်းပြန်မခေါ်ကြဖို့တောင်မှ တောင်းပန်တတ်ပါသဗျ။
ကိုယ်တိုင်ကြုံခဲ့ဘူးတဲ့ငယ်သူငယ်ချင်းတွေရဲ့အမည်လေးတွေမို့ အမည်တူတွေများ ဒီစာကိုဖတ်မိခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်။

ပြောင်းပြန်မခေါ်ဖို့ တောင်းပန်ထားတဲ့တစ်ကောင့်နာမည်က " သက်ထွေး "ခင်ဗျ။ " သက်ထွေး" ဆိုတော့ " သေးထွက် " ပေါ့ဗျာ။ ခေါ်လို့အဆင်မပြေဘူး။ "သင်္ကြန်မိုး" ထဲမှာ ဇင်ဝိုင်းနာမည်ဟာလည်း " သက်ထွေး " ပါ။

သူ့ထက်ဆိုးတဲ့ကောင်တစ်ကောင် ရှိပါသေးတယ်။ သူ့နာမည်ကိုတော့ ဘယ်လိုမှ ပြောင်းပြန်ခေါ်ဖို့ မသင့်တော်ပါဘူး။ အဲသည်ကောင့်နာမည်ဟာ " မျိ ု းလင်း " ပါခင်ဗျ။ သူ့လိုပဲနောက်ထပ်တစ်ဦးကတော့ "စိုးလတ်" ပါ။
နောက်တစ်ဦးနာမည်က " မိုးလင်း " ပါ။

" "ကြင်စိုး" ကိုသတိရတယ်" လို့ ပြောမယ့်သာပြောရတယ် ဒီကောင့်ကို တစ်ကျောင်းလုံး တစ်ရပ်လုံးကတော့ အိမ်နာမည် "ကြယ်နီ" ပဲ ခေါ်ကြတယ်။ "ကြယ်နီ" ပဲ နှုတ်ကျိုးနေကြသဗျ။

ဒီကောင်ကြီးနဲ့မတွေ့တော့တာ နှစ်ပေါင်းအတော့်ကို ကြာခဲ့ပါပြီ။ နောက်ဆုံးတွေ့တဲ့နှစ်ကာလတွေကိုပြန်စဉ်းစားကြည့်မိတော့ ၁၉၈၈ လူထုအုံကြွမှုကြီးပြီးကာစ မြန်မာ့အသံက "ကို စန်းအောင်" အပြင်လောကမှာ " ကြော်ငြာဒါ ရိုက်တာကြီးတစ်ဆူ " ဟုန်းဟုန်းတောက် ဖြစ်တော်မူစဉ်အချိန်ပေါ့။

ရန်ကုန်စာပေလောကမှာ အခြေချနေတဲ့ ဆာသော်ဒိုးနဲ့ အဲသည်ကောင် " ကြင်စိုး " ညနေပိုင်းတစ်ခု အနုပညာရပ်ကွက်ဖြစ်တဲ့ ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမကြီးပေါ်မှာ အမှတ်မထင် သွားဆုံတယ်။

" ဟာ . . . ဆာသော်ဒိုး "
" ဟာ . . . ကြင်စိုး "
" ဟာကွာ . . . မင်းကတော့ လုပ်ပြီ။ "ကြယ်နီ " လို့ပဲ ခေါ်ပါ ဟကောင်ရ "
" ဟား ဟား ဟား ဟား ဟား ဟား "
" ဟား ဟား ဟား ဟား ဟား ဟား "

ခဏနေတော့ သူ့အခန်းကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်တာနဲ့ လိုက်သွားတယ်။ ၃၅ လမ်း မြန်မာ့ရုပ်ရှင် တန်းက ပထမထပ်ကိုရောက်တယ်။ အထဲမှာတော့ ကင်မရာတွေ မီးစလိုက်တွေ ရောင်ပြန်ပြားတွေနဲ့ အလုပ်ရှုပ်နေတဲ့ ပုဂ္ဂုလ်တစ်ဦးကိုရုတ်တရက်မြင်လိုက်ရတယ်။ ၈၈ ပြီးကတည်းက သူ့အဓိဋ္ဌာန်နဲ့သူထားတဲ့ မုတ်ဆိတ်မွေးတွေဟာ အတော့်ကို ရှည်လျားနေပါပြီကော။

ဟုတ်ကဲ့ . . . စူပါကြော်ငြာဒါရိုက်တာ " ကိုစန်းအောင် " ပါ ခင်ဗျ။ ကြင်စိုးက အဲသည်မှာရိုက်ကွင်းမန်နေဂျာ လုပ်နေတာကိုး။ အဲသည်ကာလ TV ပေါ်မှာ "ထက်ထက်မိုးဦး" ချည်းပဲဖြစ်ပြီး ဒါရိုက်တာကလည်း "ကိုစန်းအောင်" ချည်း ကြီးစိုးထားတဲ့ ခေတ်ကာလပေါ့။

နောက်ပိုင်းကျတော့ ကျနော်နဲ့ ကြင်စိုးတို့ အဲ သည် ရုပ်ရှင်တန်းမှာပဲ မကြာမကြာကို ဆုံဖြစ်ခဲ့ကြပါတယ်။ အဲသည်ကာလတွေအကျော်မှာ သူတို့ဆရာကိုစန်းအောင် ကွယ်လွန်တိမ်းပါးသွားခဲ့ပြီးနောက်ပိုင်းလောက်ကစပြီး ကြင်စိုးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ခုထိပါပဲ။

ဒါနဲ့ ပြည်မှာ သူနဲ့အတွဲအညီဆုံးဖြစ်ခဲ့ပြီး စာရေးဆရာအသင်းဒုဥက္ကဋ္ဌလုပ်ခဲ့တဲ့ စာရေးဆရာရီဇော်မောင်ကို လှမ်းမေးဖြစ်ပါတယ်။ ကြင်စိုးဘယ်မှာရှိနေလဲ။ နေကောင်းလား၊ ကျန်းမာလား၊ အဆင်ပြေလား။ သူ့ဖုန်းနံပတ်ရှိရင် လိုချင်ပါတယ်လို့။ နောက်ရက်ကျတော့ ကြင်စိုးဖုန်းနံပတ်ဆိုတာရပါတယ်။ ဒါနဲ့ ဆက်ပေါ့။

" ဟယ်လို . . . ဘယ်သူပါလဲ ခင်ဗျာ "
" အေးကွ . . . ကြင်စိုး လား "
" ဗျာ . . . . . . "
" ကြင်စိုး လားလို့ "
" ဟုတ် . . . အဲ . . . မင်း . . . မင်း . . .
မသာကောင် ဆာသော်ဒိုး လား "
" ဟား ဟား ဟား ဟား ဟား ဟား "
" ဟား ဟား ဟား ဟား ဟား ဟား "

ကျနော်တို့ ပေါ့ပေါ့ပါးပါး အားရပါးရ ရယ်ချလိုက်ကြပါတယ် ခင်ဗျ။ သူ့ကို အားလုံးက " ကြယ်နီ " ပဲခေါ်ပေမယ့် " ကြင်စိုး " လို့ စနောက်ပြီးခေါ်တဲ့သူက ကျနော်တစ်ဦးထဲရှိတာကိုး ခင်ဗျ။

" မင်းကွာ တစ်ခါလာ " ကြင်စိုး " တစ်ခါလာ" ကြင်စိုး " နဲ့။ " ကြယ်နီ " ပဲ ခေါ်ပါ လဒရယ်။

" ဟား ဟား ဟား ဟား ဟား ဟား . . . ငါကလည်းမင်းကို ငယ်ငယ်တုန်းကလို " ကြင်စိုး "လို့ပဲ ခေါ်ချင်လို့ပါကွ "

" မလုပ်ပါနဲ့ကွာ . . . အခြေအနေက ကောင်းတာမဟုတ်ဘူးဟ။ မင်းက " ကြင်စိုး ကြင်စိုး"
လုပ်လေ ငါက "ကြိုးစင် ကြိုးစင်" ပဲ ပြေးပြေးမြင်နေတာကွ "

" ဟား ဟား ဟား ဟား ဟား ဟား . . . မင်းအရပ်နဲ့ ကြိုးစင်နဲ့ဆို သိပ်ကို ဟပ်နေမှာဟ "

" ဘုရား ဘုရား ဘုရား . . . ကြောက်ပါတယ်ဆိုကာမှ ဖြဲချောက်နေပြန်ပါပြီ ဆာသော်ဒိုးရာ"

" ဟား ဟား ဟား ဟား ဟား ဟား "
" ဟား ဟား ဟား ဟား ဟား ဟား "

ကျနော်တို့ ငယ်ပေါင်းနှစ်ဦး အရုပ်မမြင် အသံကြားအခြေအနေမှာ လွတ်လပ်ပေါ့ပါးစွာ ရယ်ချလိုက်ကြပါသည် ခင်ဗျာ။         ။
             ဆာသော်ဒိုး
            29-10-21(Fri) 4:45 Pm

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar