Breaking News

မိုးမခအနုပညာရေးရာ - သန်းထိုက်(မြန်မာစာ) '' ချစ်​သော ဆရာ ကြီး (ဆရာ ကြီးမြင့်​စော) ''

Artist : Than Htaik.Burmese
မိုးမခအနုပညာရေးရာ
အောက်တိုဘာ ၄၊ ၂၀၂၁

'' ချစ်​သော ဆရာ ကြီး (ဆရာ ကြီးမြင့်​စော) ''
သန်းထိုက်(မြန်မာစာ)

' ပထမ မြန်မာများ' ...
 ဆရာမင်းယု​ဝေ စာတအုပ်ဖတ်ဖူးသည်။
မြန်မာပြည်တွင် ဦးစွာ စွန့်စား တီထွင်တတ်​သောသူများအ​ကြောင်း ...။
မှတ်မိသမျှထဲမှ ... ' မီးပုံးပျံ ဦး​ကျော်ရင်' .. ။

သည်ဖက်​ခေတ်လို စက်ကိရိယာအကူအညီနှင့် မီးပုံးကို စီးသူမဟုတ်။ သာမန်မီးပုံးကို အထက်ပျံနိုင်​အောင် မီးပုံးကို ​​လေပူဖောင်းတင်း​နေ​အောင် မီးမြိုက်ကာ မီးပုံးလေဝအထက်ပျံနိုင်မှ မီးပုံး​အောက်ကတန်းကိုကိုင်ကာ အထက်​​ဝေဟင်ကို လိုက်ပါ စီးနင်းသူ ... ။
မီးပုံးက ​ကောင်းကင်​ပေါ်ပျံသန်း​နေပြီး ​မီးပုံးအတွင်း ​လေအဟုန်​လျော့ ပြန်ကျလာလျှင် ပဲ့ကိုင်သူမရှိ၊ ​မြေပြင်ကို စုန်ဆင်း​တော့မည်။
ငယ်ငယ်က သီတင်းကျွတ်၊ တန်​ဆောင်တိုင် မီးပုံးလွှတ်ပွဲ ကြည့်ဖူးသည်။ မီးပုံးပျံကြီးကို​တွေ့လျှင် ​ပျှော်ရွှင်ကြသည်။ မီးပုံးပျံ ပြန်ကျလာ​၊ တဲအိမ်​ပေါ်ကျပြီး... မီးစွဲ​လောင်​သော် ... ဝိုင်းဝန်းငြိမ်းသတ်ကြသည်။
'မီးပုံးပျံ ဦး​ကျော်ရင်' က စွန့်စွန့်စားစား လုပ်တတ်သူ ... ...။

စာအုပ်နာမည်က ...
' ပထမ မြန်မာများ' ...

ဆရာ ကြီ း(ကြီးမြင့်​စော)က ရန်ကုန်စီးပွား​ရေးတက္ကသိုလ်မှာဆရာလုပ်ရင်း  ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကံ့​ကော်ရွာပန်းချီပြပွဲမှာ ပြသတတ်သည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ ပန်းချီစာအုပ်များကိုငှားရမ်းဖတ်ရှုကာ ကံ့​ကော်ရွာအဖွဲ့သားများကို ကမ္ဘာ့ပန်းချီများကို ရှင်းပြတတ်သည်ဟု ကွယ်လွန်ခဲ့ရှာပြီဖြစ်​သော ချစ်​သောအကို ကိုမျိုးမြင့်​လေးက ​ပြောပြဖူးသည်။
 ၈၈ အ​ရေးအခင်းမှာ ဒီမိုက​ရေစီချစ်​သော မြန်မာပြည်သားများ နိုင်ငံအနှံ့ ဆန္ဒပြကြသည်။ မြန်မာ့အသံမှ 'နိုင်ငံ​တော် ငြိမ်ဝပ်ပိပြား​ရေးအတွက် တပ်မ​တော်မှ အချုပ်အခြာအာဏာကို ထိန်းသိမ်းလိုက်​ကြောင်း ​​ကြေညာသည်။"
အသက် ၆၀ မပြည့်ခင် ... အလုပ်ကပင်စင်မှမရ​သေး၊ ဆရာ ကြီးကို ဆန္ဒပြခဲ့သည်ဆိုပြီး အနား​ပေးလိုက်သည်။

စ​တော့ရှယ်ယာပွဲစားဘဝက​နေ ပန်းချီကိုစုံပစ်​ရေးလိုက်​သော ပန်ချီဆရာကြီး​ဂေါ်ဂင်ရဲ့ဘဝကို မှတ်တမ်းတင်သူစာ​ရေးဆရာက  ' ပင်လယ်ထဲ ပစ်ချခံရသူ' ဟု ​ရေးထားသည်။
ဝန်ထမ်းဘဝဖြင့် ပန်းချီအနုပညာကို မြတ်နိုးခဲ့သူ ဆရာ ကြီးလည်း 'ပင်လယ်ထဲ ကန်ချခံရသူ' ပန်းချီဆရာစစ်စစ်ဖြစ်လာခဲ့ပြီ။
ဆရာ့အိမ်ရှိရာ ဌာနလမ်းနားက ​စျေးသည်များ ပန်း​ရောင်းသူများကို ဓာတ်ပုံမှတ်တမ်းယူကာ ပန်းချီကား​ရေးသည်။
Orient Gallery ကိုသန့်ဇင်ပြခန်းမှာ တင်သည်။
​စျေးသည်များ၊ ပန်းသည်ပန်းချီကားများသည်လည်း ... ဆရာ့ဘဝ အထင်ကရပန်းချီကားများဖြစ်လာသည်။

သည်​နောက်ပိုင်း ဖလင်ကင်မရာဖြင့် ညရှုခင်းများရိုက်ပြီး  ... ကိုသန့်ဇင် Orient Gallery မှာ ' Yangon Night' ပြပွဲလုပ်ခဲ့သည်။ 
ဖိလစ်​မောရစ်ကုမ္ပဏီ စပွန်စာလုပ်​ပေး​သောပြိုင်ပွဲတခုမှာ ဆရာ့ 'Yangon Night' ကားတကားက ဆုတခုရသည်။
Yangon Night ကားများသည်လည်း ဆရာ့ဘဝအမှတ်တရများအဖြစ် ကိုယ်စားပြုကားများ ဖြစ်လာသည်။
၈၈ ​နောက်ပိုင်း ဆရာ​နှင့်တခြားဆရာများရေး​သော ​စျေးကားများကို နှစ်သက်၊ ​စျေးများ ဓာတ်ပုံရိုက်လျှင် ​စျေး​ကောင်စီ၊ ​ထောက်လှမ်း​ရေးများက သတင်း​ထောက်ထင်ကာ စစ်​မေးခံရသည်။
ညဘက်ဆို ပိုဆိုးလှ​ပေါ့။

​ထောက်လှမ်း​ရေးလည်း ​ကြောက်ရ၊ အဆာ​ပြေ​ရောင်း​သော မုန့်ဖက်ထုပ်သည်ကိုလည်း ​ကြောက်ရ။ ကင်မရာကိုင်ကာ ဓာတ်ပုံရိုက်ရတာ ပတ်ဝန်းကျင်​ကြောက်ရ။ သည်လို စွန့်စွန့်စားစားမှတ်တမ်းယူပြီး ပန်းချီကားဖြစ်​အောင် အားထုတ်ရင်း ရပ်တည်ဖို့ကြိုးစားရင်းဖြင့် ပန်းချီဆရာ 'ဆရာ ကြီးမြင့်​စော'ကို ... ပြည်တွင်းပြည်ပ အသိအမှတ်ပြုလာကြသည်။ 
ရန်ကုန်ည ရှုခင်းများက ပြည်သူပိုင်မဟုတ်။ ပန်းချီဆရာများစွာ ​ရေးခွင့်ရှိသည်။
သို့​သော် ...  ဆရာ့ 'Yangon Night' ကားများသည် ' ဆရာ ကြီးမြင့်​စော​ရေးဟန်' ဖြင့် အမှတ်တရလက်ရာများဖြစ်လာသည်။
Yangon Night ကားများကို တခြားပန်းချီဆရာများ​ရေးခွင့် မရှိ​တော့ပြီလား ... ။

ကို​မောင်​မောင်ပြုံး share ထား​သော ပို့စ်မှာ ... ' ဦးဝင်း​ဖေက ... ပန်းချီကားများကိုတိုက်ရိုက်ကူးယူ​ရေးကြသည်မှာ ပန်းချီဆရာများအ​လေ့အကျင့်တခုပါ။ တချို့က မိမိကားကို ပြန်ကူး​ရေးသည်က မိမိထက်​​ကောင်းသည်။ ဒါ​ပေမယ့် လက်မှတ်ကို 'ဝင်း​ဖေ'ဟု မထိုးသင့်ပါ ...'
ပန်းချီကား အတုအစစ်ပြဿနာများ ...

ဆရာကြီး၏ပန်းချီကားမြင်ကွင်းအတိုင်း၊ ဆရာ့​ရေးဟန် ဓား(Knigft)အတိုင်း ညကား၊ အထူးသဖြင့် ရန်ကုန်ညများ မ​ရေးသင့်ပါ။
​ရေးသူ၏ရေးဟန်အတိုင်းသာ ဖြစ်သင့်ပါသည်။
ပိုဆိုးသည်က လက်မှတ်က 'Kyee Myintt Saw' ထိုးထားခြင်း ...။

ဆရာမင်းယု​ဝေ ​ရေး​သော ' ပထမ မြန်မာများ ' ထဲမှာ ... Yangon Night'ကားများကို အခက်အခဲများစွာကြားမှ ဖန်တီးခဲ့​သော ... 'Yangon Night'' ကားဖြင့် ​အောင်မြင်လာခဲ့​သော၊ ဆရာ ကြီးမြင့်​စော' ကိုလည်း ​နောက်ထပ် 'ပထမမြန်မာများ' စာရင်းမှာ ထပ်ထည့်သင့်သည်ဟု ကျ​နော် ဆိုချင်သည်။

Artist : Than Htaik.Burmese
Title : Artist Sayar Kyeemyintt Saw 
Medium  : Acrylic
Size : 21x16 in
Collector : Ko Ko Maung Maung Pyone
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar