Breaking News

ဟိုက်ရှားဘား - အောင်နက် နှင့် ​ထိုင်ခုံ


   Cartoon - Saw Ngo

အောင်နက် နှင့် ​ထိုင်ခုံ
ဟိုက်ရှားဘား
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၁

"ဟဲ့...ဟဲ့..ဟဲ့...ဘယ်လိုဖြစ်တာလဲ...ဘာလို့ ဒီ​လောက် ဂနာမငြိမ်ဖြစ်​​နေတာလဲ...​'အောင်နက်'...​အောက်ကို ဆင်းစမ်း..." 

သခင်ကြီး ​'ဦးအောင်ဆီယံ' က သူ့​ခွေး ​'အောင်နက်' ကို ထိုင်ခုံ​ပေါ်မှ ​မောင်းချ​နေသည်။
​အောင်နက်ကလည်း ကြိုက်သ​လောက်ရိုက်၊ အမှတ်ရှိ​သော​ခွေးမဟုတ်... 

(​​ခွေးဆို​တော့ အရှက်လည်းမရှိ)
အိမ်ကို ဧည့်သည်လာပြီဆို အရှက်ခွဲပြီ...
​ခွေးမို့ သူမရှက်တတ်​ပေမယ့် ဦး​အောင်ဆီယံက ရှက်တတ်သည်။ 
​ဟော...အခုလည်းကြည့်...
ဧည့်သည်များ ထိုင်ခုံတွင်မထိုင်ခင် သူက အရင်​ပြေး၍ တက်ထိုင်လိုက်သည်။
သူ့ကို အ​ရေး​ပေး​စေချင်သည်။ သူ့ကို ဂရုစိုက်​စေချင်သည်။ ​ခွေးဖြစ်လင့်ကစား သူလူရာဝင်ချင်သည်။
"​အောင်နက်...ဆင်းစမ်း"
​အောင်နက်ကမဖြုံ...မဖြုံ့ ​ရေးချ မဖြုံ...။
အမြှီးကို​ လေး​လေးပင်ပင် လှုပ်ယမ်း၍ ​​​မေး​စေ့ကို​ရှေ့လက်​ပေါ်တွင်တင်ကာ မျက်လုံးကိုအသာလှန်၍ သခင်ကြီးကို ​မော့​၍ပင်ကြည့်လိုက်​သေးသည်။ 
ဦးအောင်ဆီယံ ​ဒေါသထွက်လာသည်။ ​နောက်ဆုံး အခန်း​ထောင့်တွင် ​ထောင်ထား​သော အုန်းတံမြက်စည်းကိုယူ၍ ​အောင်နက်ကို ရိုက်​လေ​တော့သည်။

"ကိန်...ကိန်...ကိန်..." ​

အောင်နက် အခန်းထဲမှ​ပြေးထွက်သွားသည်။ 
ဧည့်သည် အားလုံး အခုမှပင်စိတ်သက်သာရာရသွားကြသည်။
'​အောင်နက်' ထပ်ဝင်မလာ​စေရန် ဦး​အောင်ဆီယံ အခန်းတခါးကို အ​သေအချာပိတ်လိုက်သည်...ထို့​နောက် ဧည့်သည်များကို ​တောင်းပန်စကားဆို၍ ထိုင်ခုံတွင်ထိုင်ရန်​​ပြောပြီး အလုပ်ကိစ္စကိုဆက်​ ဆွေး​နွေးကြ​လေသည်။ 

​အောင်နက်က အပြင်မှာ...​
အချို့​ခွေးများသည် တုတ်ဖြင့်ရိုက်ချမှသာ ထိုင်ခုံ​ပေါ်မှ ဆင်းတတ်ကြသည်...။

၂၃ အောက်တိုဘာ၊ ၂၀၂၁
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar