ဝေမြင့်မောင်ရဲ့ တနင်္ဂနွေနေ့ထဲက ၀တ္ထုတိုတွေ အီးဘုတ်ထွက်ရှိ
ဝေမြင့်မောင်ရဲ့ တနင်္ဂနွေနေ့ထဲက ၀တ္ထုတိုတွေ အီးဘုတ်ထွက်ရှိ
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၁စာရေးဆရာက သည်လို မိတ်ဆက်ထားပါတယ် ...
တကယ်တော့ ဒီစာအုပ်လေးဟာ တကယ့်ပုံနှိပ်စာအုပ် ဖြစ်လာခဲ့ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။ မိုးမခ၊ Idea နဲ့ တခြား magazine တွေမှာ ဒီဝတ္ထုတိုလေးတွေကို ဖော်ပြပုံနှိပ်ခဲ့ပါတယ်။ တချို့ ဟာလေးတွေကတော့ ပုံနှိပ်ဖော်ပြခြင်း မရှိခဲ့ပါဘူး ။ ၂၀၁၆ -၂၀၁၈ တဝိုက် ရေးဖြစ်ခဲ့တဲ့ ဟာတွေပါ။ ၂၀၁၉ မှာ မြန်မာပြည် က စာပေတိုက်တခုက ဒီဝတ္ထုတွေကို ထုတ်မယ် ဆိုပြီး ပြောဆိုခဲ့ကြပေမဲ့ ကိုဗစ် ကြောင့်တခါ ၊ စစ်အာဏာ သိမ်းမှုကြောင့်တခါ ဒီစာအုပ် လေးဟာ ပုံနှိပ်ဖြစ်မလာနိုင်ခဲ့ဘူး။ တော်လှန်ရေး အောင်ပြီးရင်တော့ တမျိုးပေါ့။ ဒီကြားထဲမှာ Ebook ( pdf ) လေး လုပ်ပြီး စာအုပ်ရောင်းအလှူငွေ ခံဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ရောင်းရငွေအားလုံး ကိုတော့ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ နယ် စစ်ဘေးသင့်ပြည်သူတွေကို လှူမယ်ဆိုပြီး ရည်ရွယ်ထားပါတယ်။ စာအုပ်မျက်နှာဖုံးကို AKKL က ပြုလုပ်ထားပြီး စာအုပ် အမှာစာကို လွန်းဆက်နိုးမြတ်က ရေးပြီး ၊ စာအုပ်အပြင်အဆင်ကိုတော့ အမည်ဖော်လို့မရတဲ့ Mr.poet က ပြုလုပ်ပေးထားပါတယ်။ စာအုပ် တန်ဖိုးက ၃၀၀၀ သတ်မှတ်ထားပေမဲ့ တအုပ်ကို တသိန်း မက ဆယ်သိန်းလည်း လှူနိုင်ပါတယ်။
အီးဘုတ်မှာယူမယ် ဆိုရင်တော့ - https://www.facebook.com/profile.php?id=100011796969549 ပရိုဖိုင်းမှာ ဆက်သွယ်ကြပါ။ မြန်မာကျပ်ငွေနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar