Breaking News

နေထက်နိုင် - မာယာညနေ


Art- Aung Htet

မာယာညနေ 
နေထက်နိုင်
မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၁

အရိုင်းပင်တွေ
​တောထ​နေတဲ့
စိတ်တောအုပ်
ဆူညံ တိုးဝှေ့ပြေးလွှားခြင်းတွေနဲ့ ဝေးရာ
ညနေစောင်းနေထဲ
သပြေပင်တွေအပေါ်
အင်အား လျော့ကျ နေရောင်ခြည်တို့
ဆုတ်ခွာရင်းနားခို
အလိုမက်သူရဲ့
အတ္တပင်​လယ်​ထဲ
ငါဆည်းဆာကို
ငါ စောင့်ကြည့်ခဲ့ ။ ။

​အောက်​တိုဘာ၂၅ ၂၀၁၇
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar