Breaking News

ကိုတင်ရှိန် - ယတြာ

ကိုတင်ရှိန် - ယတြာ 
အောက်တိုဘာ ၁၉၊ ၂၀၂၁

၊ ၁ ၊
ဗေဒင်ဆရာကဟောတယ်
ခန္ဓာပျက်ကိန်းမြင်တယ်
ယတြာချေရမယ်
ဇီဝိတဒါနပြုပါတဲ့။

၊ ၂ ၊
လှောင်အိမ်ထဲကငှက်ကလေးတွေကို
“နင့်အသက်တစ်ခါလွှတ်
ငါ့အသက်ဆယ်ခါလွတ်”
နှုတ်ကတတွတ်တွတ်ရွတ်ရင်း
တစ်ကောင်ချင်းကိုလွှတ်ပေးခဲ့
ငှက်ဖမ်းသမားရဲ့စေတနာ
သာဓုခေါ်တဲ့သူတွေလည်းရှိရဲ့။

၊ ၃ ၊
ဆည်းဆာအလွန်မှာတော့
ပိုက်ကွန်ကြီးကိုထမ်း
တောတန်းဘက်ကိုထွက်
လက်နက်အစုံအလင်နဲ့
ငှက်ဖမ်းဖို့ပြင်ပြန်တယ်။  ။

၁၈ ၊ ၁၀ ၊ ၂၀၂၁ ။

Crd ပေးပါတယ်။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar