Breaking News

မိုးမခကဗျာ - နေရိုင်း '' ကြယ်တွေကို ငါကြည့်နေတယ် ''၊ ဖေတင်ညွန့် '' အယ်လ်ဖာလေးတွေရဲ့စွန် ''

Art - Than Htay Maung

မိုးမခကဗျာ
အောက်တိုဘာ ၅၊ ၂၀၂၁
'' ကြယ်တွေကို ငါကြည့်နေတယ် ''
နေရိုင်း

ကောင်းကင်မှာ
ကြယ်တွေဟာ အရုပ်ရေးစရာမလို့ပဲ
ထင်ထင်ပေါ်ပေါ်နဲ့ လှနေတယ်။

ငါဆုတောင်းတယ် ကြယ်တွေမကြွေဖို့
တိမ်ညို တိမ်မဲတွေ မဖုံးအုပ်ဖို့
စိတ်နဲ့ရေးစရာမလိုတော့တဲ့
တော်လှန်ရေးဟာ ဝါးချွန်တွေကိုင်လို့။

တစ်ယောက်ခြေတစ်ယောက်တက်နင်းမိ
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီး
ကောင်းကင်ကိုရောက်ဖို့ဖြတ်လမ်းမလိုဘူး
ရိုးမဟာ ရိုမန်တစ်ဆန်ဆန် ကြီးထွားလာတယ်။ 

ငါတို့မျှော်စင်တွေဆောက်ကြမယ်
နှလုံးအေးစက်တွေဝယ်မယ်
မော်တော်ကားဟွန်သံတွေ အဆက်မပြတ်တီးကြမယ်
အလိုမတူပဲရလာတဲ့သွေးဆိုးတွေကိုဖောက်ထုတ်ပစ်ကြမယ်
ကိုယ်တွေအန်ချထားတဲ့ နီယွန်မီးသီးတွေနဲ့အလင်းဓာတ်ကူးမယ်
ငြင်းဆန်တဲ့စိတ်တွေကို ချွန်းနဲ့ထိန်းမယ်။
...

'' အယ်လ်ဖာလေးတွေရဲ့စွန် ''
 ဖေတင်ညွန့်

အိမ်ရှေ့လမ်းမကွင်းပြင်ကျယ်မှာ
ကလေးငယ်များစွန်လွတ်နေကြ
ပါးစပ်များကလည်းအဆက်မပြတ်
ပါစကယ်တိုင်းပြည်အတွက်
ငါဟာ ...ပါစကယ်ကွ
စာဖတ်နေတဲ့ကျနော့်နားများ
အံ့အားသင့်သွား။
ကလေးများအော်နေတဲ့ပါစကယ်နဲ့
ကျနော်သိတဲ့ပါစကယ်
တစ်ယောက်တည်းများလားကွယ်။    ။
                        
4th october 2021

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar