Breaking News

မိုးမခကဗျာ - မိုးခါး *အမှောင်ထဲ လှပသော ကြယ်များ*

Art - Than Htay Maung

မိုးမခကဗျာ
အောက်တိုဘာ ၆၊ ၂၀၂၁

*အမှောင်ထဲ လှပသော ကြယ်များ*
မိုးခါး

သူတို့
နာကျင်မှုကို ဖွဲဆိုပြဖို့ အချိန်မလောက်င
လှပစွာ ပြာကျစေသည့်ထိ
အလင်းတစချင်း ပေါင်းဆုံ
သန်းဝေနေတဲ့ ခရီးသွားတွေကိုပုတ်နိုးစေတယ်
မြစ်ရဲ့ စီးဆင်းခြင်းကို ဖြာဆင်းစေတယ်
တောရဲ့ဘဝကို ငွေရောင်ဖွဲ့ဂုဏ်မြောက်စေတယ်
ရွေ့နေတဲ့တိမ်တွေကို အပြစ်မဆိုဘူး
လွမ်းရခြင်းအနာဟောင်းကို မဆွဘူး
ချစ်ရခြင်းရနံ့ကို မေ့မထားဘူး
အမှောင်ထဲ
အကွာဝေးကိုမှန်းမျှော်ကြည့်တော့
မဝေးလှတဲ့ စံပယ်တခင်းလို
ရနံ့တွေ တသွင်သွင်စီးနေတဲ့ ရှူ့ခင်း
မဝေးဘူး
အနီးမှာ
အချို့ ချို့ နှလုံးသားပေါ်ဝယ်.....
သူတို့
တိတ်ဆိတ်စွာ ပျိုးပျက်ကြတယ်
သူတို့
တိတ်ဆိတ်စွာ ဖူးဝေကြတယ်
ကမ္ဘာမြေရဲ့ လက်ဝါးကြီးအမှောင်ကိုခွင်းလို့........။         ။

30.9.2021
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar