Breaking News

မိုးမခကဗျာ - ကျော်စွာ " အင်္ဂါသားနဲ့တွေ့ဆုံခြင်း "

မိုးမခကဗျာ
အောက်တိုဘာ ၁၊ ၂၀၂၁

" အင်္ဂါသားနဲ့တွေ့ဆုံခြင်း "
ကျော်စွာ

ဒီကောင်လေးကိုမြင်လိုက်တော့
လွန်ခဲ့တဲ့နှစ်နှစ်ထက်
ဆံပင်တွေလည်းတော်တော်ရှည်နေပြီ
အရပ်တွေလည်းတော်တော်ရှည်နေပြီ
သက်ပျင်းအရှည်ကြီးကို
သပ်သပ်ရပ်ရပ်ထုပ်ပိုးနိုင်တဲ့မျက်လုံးမျိုးတွေ
သဲထဲရေသွန်ထားတဲ့အပြုံးတွေကို
ကောင်းကောင်းပြုံးနေနိုင်ပြီဆိုတဲ့ပါးစပ်တွေ
ခြေဦးတည့်ရာကိုရည်ရွယ်ချက်မရှိပဲ
ကောင်းကောင်းလျှောက်နိုင်တဲ့ခြေထောက်တွေ
လက်ထဲကမီးမရှိတဲ့ဖက်ကြမ်းဆေးလိပ်ကို
ပြာခဏခဏခြွေချနေ
ကောင်လေးရေ
ကိုယ်လုပ်တဲ့အတိုင်းကိုယ်စားရရဲ့မဟုတ်လား
ဆိုတော့
လေထဲမှာအိမ်ပုံတွေဆွဲပြသွားလေရဲ့

၁ အောက်တိုဘာ ၂၀၂၁
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar