Breaking News

မိုးမခအနုပညာရေးရာ - သန်းထိုက်(မြန်မာစာ) '' ဆရာ​ ဝင်းဖေမြင့်( WPM) ''

Artist: Than Htaik.Bur


ဆရာ​ ဝင်းဖေမြင့်(WPM)
သန်းထိုက်(မြန်မာစာ)
အောက်တိုဘာ ၂၁၊ ၂၀၂၁

၁၉၈၅မှာ ရန်ကုန်​ရောက်​တော့ ... ကွန်ပျူတာက မြန်မာပြည်မှာ ဂရပ်ဖစ်အလုပ်အတွက် မ​ပေါ်သေး ...၊ ကိုစိုးမြင့်က 'ခ​ရေ'​အော့ဖ်ဆက်ကာလာခွဲ လုပ်ငန်းလုပ်​နေသည်၊ သူက မိမိကို အကူအညီများစွာ​ပေးခဲ့သည်။ သူနှင့်ဆက်စပ်ကာ ဖလင်လုပ်ငန်းလုပ်​သော ပန်းချီမျိုးသန့်​အောင်နှင့် ခင်မင်ခဲ့ရသည်။
* ပန်းချီအလုပ်ကို အရူးအမူးဖြစ်နေ​သော မိမိကို သူငယ်ချင်းက 'ဆရာ​ဖေ (WPM)နှင့်​တွေ့​စေချင်​ကြောင်း ... သူက အနုပညာကို ရင်ထဲ ... အသည်းထဲနစ်ဝင် စွဲလမ်းလုပ်​နေသူ ပန်းချီဆရာ...'
* ဆရာ​ဖေနှင့် သိကျွမ်းကာ ... ယခင်သူ​နေထိုင်ရာ ... ၈မိုင်နားက ရဲ​ဘော်​ဟောင်းရပ်ကွက်သို့ ... မကြာမကြာ​ရောက်သွားဖြစ်သည်။
​ရောက်သည်နှင့် လက်ဖက်ရည်ဆိုင်​ခေါ် ​ကျွေးမွေးပြီး ... ​စျေးမှာ အသီးအနှံ စားစရာများဝယ်သည်။ အိမ်​ရောက်သည်နှင့် အသီးအနှံများ ပြင်ဆင် ... ​ဆေး ပိတ်များ ​နေရာချကာ ...
' ကဲ ခင်ဗျား​ရေး​တော့ ' ဆိုသည်၊ သူက တ​နေရာမှာ ​ရေးသည်၊... ​ရေး​နေကြရင်း ... သူအထဲဝင်သွားသည်၊ ... ပြီး ဆက်​ရေးပြန်သည်၊
​နေ့ခင်းကြ​တော့ ထမင်းစားကြစို့ဆိုကာ ... အထဲ ​နောက်​ဖေး ထမင်းစားခန်းကို​ခေါ်သွားသည်။
* နံနက်ခင်း လက်ဘက်ရည်​သောက်အပြီး ပန်းချီ​ရေးဖို့ အသီးအနှံ ဝယ်သည်ထင်မိခဲ့သည်၊ နေ့လယ်ခင်း ဟင်းချက်စရာပါ ဝယ်လာတာ သိရသည်။ ပန်းချီ​ရေးဖို့ပြင်ဆင်​နေတာကြည့်​တော့ ... သူ​ရေးဖို့ထင်သည်။ တကယ်​တော့ မိမိအတွက်ပြင်ဆင်​ပေးခြင်း ...၊ ​ရေး​နေရင်း သူထွက်သွားတာက ... ​နေ့လည်စာအတွက် ချက်ပြုတ်​နေခြင်း ...၊ မိသားစုပမာပါ။
* ဆရာ​ဖေက မိမိကို တပည့်တဦးလို ဆက်ဆံခဲ့ခြင်းမဟုတ်...၊ သူငယ်ချင်းမိတ်​ဆွေအဆင့်လည်းမဟုတ် ...၊
ညီငယ်တ​ယောက်လို ​ချစ်ခင် စောင့်​ရှောက်ခဲ့ခြင်းပါ။

* ဆရာ​ဖေနှင့် ​လောကနတ်ပြခန်း​ရောက်သည်။
'ဆရာ​ပေါ်ဦးသက်'က မန္တ​လေးနှင့် ရန်ကုန် အသွားအပြန်လုပ်ကာ ... ရန်ကုန်​ရောက်လျှင် ​လောကနတ်မှာတည်း ... ပန်းချီကားများ ... စာအုပ်အဖုံးများ ​ရေး​နေသည်၊
ဆရာ​ဖေက ဆရာ​ပေါ်ကို ဆရာရင်းတဦးပမာ ​လေးစားသည်၊ မိမိကိုလည်း ... ဆရာ​ပေါ်ထံ အပ်​ပေးသည်၊ ဆရာ​ပေါ်ကလည်း မိမိကို အတတ်ပညာ ...အယူအဆ သင်ပြ​ပေးသည်။ သူငယ်ချင်းကိုမျိုးသန့်​အောင််နှင့် ဆက်စပ်ပြီး .... ဆရာ​​ဖေ... ဆရာ​ရွှေ(ကို​ရွှေ​အောင်သိမ်း) ... ဆရာ ကြီးမြင့်​စော...ဆရာ မြ​သောင်း ... ဆရာ​တေဇာလင်း(GV Art Centre)... ဆရာသြ ... ဆရာ ခင်မြင့်​အောင် ... ဆရာ ဦး​ကျော်​လေး၊ ဆရာများစွာ သိခဲ့ရသည် ။
* ချစ်ခင်​လေးစားအပ်​သော ဆရာများပါ ... ... ...

Artist: Than Htaik.Bur
Title: Sayar Win Pe Myint(WPM)
Size: 21x16in
Medium: Acrylic
Collection: Ko Maung Maung Pyone
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar