မောင်နွေထက် - ကောင်းကင်မြို့လေး
မောင်နွေထက် - ကောင်းကင်မြို့လေး
(မိုးမခ) နို၀င်ဘာ ၁၊ ၂၀၂၁
ကောင်းကင်ပြာပြာ
တောင်ပြာလမ်းမှာ တောင်ဇလပ်နီနီတွေပန်သထားတဲ့
ကောင်းကင်မြို့ကလေးရေ
ပေငါးထောင်နီးပါး ပင်လယ်ပြင်အမြင့်တေးနဲ့
အောက်ချင်းငှက်ကလေးတွေ
မီးလျှံကိုအန်တု ပျံသန်း
လွမ်းလောက်စရာ
ကြေကွဲစရာ
ကောင်းကင်မြို့ကလေးရဲ့
မပြီးသေးတဲ့အနာဂတ်ဇာတ်ဝင်ခန်းဟာ
မီးလျှံတွေကိုဆန် အာခံ ပျံသန်းတုန်း
ဘယ်လောက်အနိုင်ကျင့်ကျင့်
လည်စင်းမပေးတဲ့ သတ္တိသွေးက
ကမ္ဘာကြီးတခုလုံးက ငေးကြည့်
တအံ့တသြဖြစ်ရပြီ
ဗီလိမ်ယုတ်တွေရဲ့ လုပ်ကြံဇာတ်ထုပ်အောက်မှာ
ကောင်းကင်မြို့ကလေးက ဦးမညွှတ်
လွတ်မြောက်ရာ ကောင်းကင်လမ်းဆီ
မီးလျှံထဲကအာဇာနည်
မီးလျှံတွေဝါးမြိုလို့
ပျက်စီးသွားတဲ့ တိုက်တာအိမ်ခြေတွေ
မြို့ပျက်ထဲက
အရှုံးမပေးတဲ့ အလင်းသွေးအက္ခရာ
ကောင်းကင်မြို့ကလေးက ရေးနေပြီ
ကောင်းကင်အပြာ
တောင်တန်းအပြာ
ဟေမန္တနှင်းအပြာ
တောလမ်းကလေးတွေကအပြာ
တောပန်းလေးတွေကအပြာ
တောင်ဇလပ်နီနီတွေပန်သထားတဲ့
ကောင်းကင်မြီု့ကလေးပေါ်မှာ
မီးလျှံတွေပျောက်ဆုံး
အလှဆုံးတနေ့
အောက်ချင်းငှက်ကလေးတွေပျံသန်း
နွေဦးအိမ်အဆန်လမ်းပေါ်မှာ ..။
မောင်နွေထက်
၃၁ အောက်တိုဘာ၊ ၂၀၂၁ (တနင်္ဂနွေနေ့)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar