မောင်လွမ်းဏီ - သံတမန်မိတ်ဆွေဆီ နွေဦးပို့တဲ့စာ
မောင်လွမ်းဏီ - သံတမန်မိတ်ဆွေဆီ နွေဦးပို့တဲ့စာ
(မိုးမခ) နို၀င်ဘာ ၂၂၊ ၂၀၂၁
လမ်းမလျှောက်ရ
လူမစုရ
ထီမထိုးရ
ပရဟိတ မလုပ်ရ
ဖောင်ဒေးရှင်းမလုပ်ရ
ထုံးမုန့်မရောင်းရ
စာအုပ်မရောင်းရ
ကဗျာမရွတ်ရ
ပန်းချီပြပွဲ မလုပ်ရ
ဆုတောင်းပွဲမလုပ်ရ
အလောင်းမကောက်ရ
ရွာလုံးကျွတ်မီးလောင်တိုက်သွင်းခံနေရ
မီးမငြိမ်းရ။
အော် ...
မီဒီယာလည်း ဆိတ်သုဉ်း
အနုပညာတွေ သေဆုံး
သမိုင်းတွေ လဲပြိုကျ။
တောက်ခေါက်သံ စို့နင်
တိတ်ဆိတ်စွာ ပြင်ထား
နှလုံးသားအိမ်အပြည့်
နာကျည်းချက်တွေနဲ့
ဆယ်ကျင်ထားတဲ့ကျည်ဖူးများ။
တို့ ရခဲ့ပြီ
ဖူးရုံ ပွင့်ရုံနဲ့ပါပဲ
နွေဦး။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar