မိုးမခကဗျာ - ကိုအောင်မှိုင်း "အားမာန်"၊ စိုးလူမောင် " အမြစ် "
ကိုအောင်မှိုင်း
ကျောင်းနံရံမှာ
ဒေါင်းအလံစိုက်လိုက်ကြတဲ့
ဒေါင်းပျိူတို့ရဲ့ အားမာန်။
ပန်းဆိုတာ
ကြွေနေကြသလို
ဝေနေကြတယ်ဆိုတာ
ညီညွတ်ခြင်း သတ္တိရှိခြင်း
ဇွဲရှိခြင်း စွန့်လွှတ်ခြင်း
ယုံကြည်ခြင်းတွေကို
လူလုံးပြလိုက်ကြတဲ့
မျိူးဆက်တို့ရဲ့ အလံ အားမာန် ။
စစ်အာဏာရူးတွေ
ကြောက်ဒူးတုန်စေရမယ်
တပ်ဦးတိုင်းမှာ သူတို့ရှိနေကြတယ်
တတိုင်းပြည်လုံး ပန်းတွေနဲ့ဝေနေချိန်မှာ
ငါတို့ပြန်ဆုံကြမယ်။
ဘဝတွေကို ကဗျာတွေအဖြစ်
ပြောင်းကြမယ်။
ငါတို့တိုက်ပွဲတွေအကြောင်း
နောက်မျိူးဆက်တွေကို
ပြန်ပြောပြကြမယ်။
နောက်
တေးသီချင်းတွေဆိုမယ်
ကခုန်ကြမယ် အမှတ်တရပွဲတွေလုပ်ကြမယ်
အနာဂတ်ကို သနပ်ခါးလိမ်းပေးလိုက်ကြမယ်။
နို၀င်ဘာလ ၃ ရက် ၂၀၂၁ ခုနှစ်။
…
အမြစ်
စိုးလူမောင်
ဘာပဲဖြစ်ဖြစ်
အချိန်စစ်စစ်များရဲ့
သစ်လွင်ခြင်းနှင်းဆီတွေက
အပူနေချည်တမျှင်
လေနုအေး မိုးတပေါက်
လင်းလက်မယ့် မိုးသောက်မြေပြင်ထက်
ရက်ရက်စက်စက် ပွင့်ဝေနေကြ
ပွင့်ဝေနေကြဦးမှာပါ ...။ ။
" သမိုင်းအစဉ်အလာထာဝရကြီးမားရှင်သန်လျက်ရှိသော
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဂုဏ်ပြုလျက် !!!
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar