Breaking News

မင်းငြိမ်းအေး - လွတ်မြောက်ပါရစေခြင်း အကျိုးငှာ

မင်းငြိမ်းအေး - လွတ်မြောက်ပါရစေခြင်း အကျိုးငှာ
(မိုးမခ) နို၀င်ဘာ ၁၂၊ ၂၀၂၁

ငါ့ကျောပိုးအိတ်ထဲက
အကောင်နှစ်ကောင်ကိုထုတ်တယ်
ဒီငှက်ဆိုးကလည်း ထိုးထိုးနိုင်လွန်း
ဖနောင့်နဲ့ပေါက်ထားတဲ့
ရွှေကြာပင်မှ မျိုးရိုးဇာတိလို့စွဲတယ်
ဘင်လာဒင်သေတယ်
သီတဂူတရားဟောတယ်
ဒေါ်နယ်ထရန့်မျက်နှာနဲ့
တံဆိပ်ခေါင်းပေါ်ရင်
သိမ်းထားမယ်
ခင်ဗျားတို့မျော်လင့်ချက်ကို
ကားလုပ်စီးမယ်
ပျားနဲ့တိုက်လို့ပျက်ကျမဲ့လေယာဉ်ပျံကို
ရင်ခုန်ပါတယ်
ကံကော်ခဲ့တဲ့
ကံ့ကော်ပွင့်တွေလည်း
အလောင်းခွဲလို့ရအောင်
ပွင့်ခိုင်းလိုက်မယ်
မနာပါဘူး
တရားဆိုတာ
နာရင် မလှဘူး။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar