Breaking News

သ‌၀ - အမည်က လူငယ်

သ‌၀ - အမည်က လူငယ်
(မိုးမခ) နို၀င်ဘာ ၁၆၊ ၂၀၂၁

အမည်က လူငယ်
ပျောက်ရှသွားတဲ့အနာဂတ်က နာမည်နဲ့မလိုက်
ဆယ့်ရှစ်နှစ်ပြည့်နိုင်ငံသားမှတ်ပုံတင်မရှိသေးဘူး
သူ့အဖေအသက်ထက်ကြီးတဲ့ မတရားပုဒ်မတွေတသီကြီးနဲ့
ခွေးရူးကိုက်ခံနေရ
နိုင်ငံတော်က ကာကွယ်ဆေးမထိုးရသေးဘူး။

နိုင်ငံပျက်သုဥ်းသွားတာ ပြန်တည်ဆောက်လို့ရတယ်
လူငယ်တွေ မတရားဖမ်းဆီးအကျဥ်းချခံနေရတာကျ
နိုင်ငံတော်ကို ကမ္ဘာ့မြေပုံပေါ်က ဖျောက်ပစ်တာ

လူငယ်ရယ်
နိုင်ငံရယ်က 
ဘယ်တော့မှခွဲမရတဲ့ အနာဂတ်
လူငယ်တွေ ခွေးရူးကိုက်ခံနေရတယ်
နိုင်ငံ​တော်လည်း ခွေးဇတ်ခင်းခံလိုက်ရတယ်
ငါတို့လူငယ်ပဲ ငါတို့ပြန်ပေးပါ
ငါတို့နိုင်ငံတော်ကို ငါတို့ဘာသာပြန်တည်ဆောက်လို့ရတယ်
အမည်က လူငယ်....။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar