စမ်းစမ်းတင် - လူမိုက်တွေရဲ့ ကမ္ဘာမီး
စမ်းစမ်းတင် - လူမိုက်တွေရဲ့ ကမ္ဘာမီး
(မိုးမခ) နို၀င်ဘာ ၄၊ ၂၀၂၁
ပဇာရယ်မှ မပြင်ရသေး
စစ်ဘေးက ရုတ်တရက်ရောက်လာ
ကမ္ဘာမှာ စစ်အေးကာလ ရိုးတိုးရိပ်တိတ်
တို့မြေမှာ စစ်ဘေးနဲ့ တည့်တည့်တိုးတဲ့နိမိတ်
စစ်ပါဆိုမှ
ငိုရတော့မယ်
သူလည်းငို
ငါလည်းငို
မိတ်ဆွေတွေငို
ရန်သူတွေလည်းငို
စစ်ကိုဖြိုချင်ပါမှ
စစ်ပွဲတွေအလျှိုလျှို
သူ့အလိုလိုတော့ ပေါ်လာတာမဟုတ်
စစ်ကိုစက်ဆုတ်ပါမှ
စစ်သရုပ်ဘီလူးစီး
စစ်မီးလျှံ ဟီးဟီးထ
ရင်ထဲမှာ အပူမီး
နာကျည်းမီး
မုန်းတီးမီး
စက်ဆုတ်မီး
မီး မီး မီး
စစ်မီးထက်ဆိုး
ဒါတွေ မရိုက်ချိုးနိုင်သမျှ
စစ်မီးကတောက်ပ ...။
စမ်းစမ်းတင်
နိုဝင်ဘာ ၃၊ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar