Breaking News

ငဇ - အခုရေးမယ့် ကဗျာ

ငဇ - အခုရေးမယ့် ကဗျာ
(မိုးမခ) နို၀င်ဘာ ၂၅၊ ၂၀၂၁

အချစ်အကြောင်းရေးလည်း
အချစ်နဲ့အတူ တော်လှန်မယ် ရေးသွား
ဒီကာလမှာ။

အရှုံးကို ရန်သူ့အတွက် ပေးမယ်
ယူချင်ယူ မယူချင်ယူ 
ရကို ရစေမယ်။

အနိုင်ကို မင်းနဲ့ကိုယ့်အတွက် 
အားလုံးအတွက် ယူမယ်
မလှဘူးလား အချစ်။

အချစ်မရှိလည်း
အချစ်အတွက် တော်လှန်မယ် ခင်း
သွေးနဲ့ မျက်ရည်နဲ့ လမ်းခိုင်တယ်။

နို၀င်ဘာ ၂၄၊ ၂၀၂၁

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar