Breaking News

မစ္စတာဟွန်ဒါ - ငယ်ငယ်တုန်းကဗိုလ်ချုပ်ကြီး

မစ္စတာဟွန်ဒါ - ငယ်ငယ်တုန်းကဗိုလ်ချုပ်ကြီး
(မိုးမခ) နို၀င်ဘာ ၂၆၊ ၂၀၂၁

ငယ်ငယ်က  
လေးငါးနှစ်လောက်က 
စက္ကူဦးထုတ်တွေ
သစ်သားဒါးတွေ 
သစ်သားသေနတ်တွေနဲ့ 
ငါတို့ဟာ 
ဗိုလ်ချူပ်ကြီးတွေပေါ့
ငါ့သူငယ်ချင်းဟာ
ဘုရားစျေးက နားကြပ်တွေ 
ဆေးထိုးအပ်တွေနဲ့
ငါတို့ရင်ဘတ်တွေကို  လာလာစမ်းတယ်
ငါတို့တင်ပါးတွေကို 
ဆေးထိုးပေးတယ်
အဲဒီတုန်းက 
မြေထိုးစက်ကြီးတွေနဲ့
ကစားတတ်တဲ့ 
ငါ့သူငယ်ချင်း  အင်ဂျင်နီယာလေး
အခု လေမှူတ်ပူဘောင်းတွေ
လိုက်ရောင်းနေသတဲ့
ဘဲကိုလိမ်လိုက် 
ခွေးကလေးကိုလိမ်လိုက်
ပစ်တိုင်းထောင်ကလေးဖြစ်သွားလိုက်နဲ့
လေထိုးတံတစ်ချောင်းကို
မြေထိုးစက်လိုထိုးနေသူပေါ့
ငါလေ 
ငါ့သူငယ်ချင်းကိုဘယ်လောက်ချစ်သလဲဆိုရင်
မြေကြီးထိုးစက်ကြီးတွေမြင်ရင်
လေမှူတ်ပူပေါင်းတွေကို
ပြေးပြေးမြင်တော့တာပဲ
ငါ့ကတော့ 
အခုထက်ထိ
သစ်သားသေနတ်နဲ့  ဗိုလ်ချူပ်ကြီး
ဘုရားစျေးက နားကြပ်နဲ့ဆရာဝန်ကြီး
အဲဒီထဲကနေ 
ရုန်းမထွက်နိုင်သေးဘူး။

မစ္စတာဟွန်ဒါ


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar