မောင်လွမ်းဏီ - ဓားလွတ်ကိုင် အကြည့်များ
(မိုးမခ) နို၀င်ဘာ ၁၈၊ ၂၀၂၁
မျက်ဝန်းရိပ်က
ဖိတ်လက်တောက်ပ၊ ငွေကြယ်စလား
အသွားမြိရှထက်သကို။
အကြည့်ခက်ထန်
အသက်လက်တဆစ်
စစ်ကျွန်သွင်းမလား … ထွီ။
လက်ပြန်ကြိုးချုပ်
ဒူးမတုတ်ဘူး၊ ကျည်ထုတ်ချင်းခတ်
သွေးကိုဖြတ်ပေါ့
ရင်ကော့ပေးဆပ်ခဲ့မှာပါ။
သမီးတို့ တတွေ
ပန်းလိုမမွှေး ကြွေပါစေ
ဘဝတွေသာ
ရှင်သန်လွတ်မြောက်ပါစေသား။ ။
(ကလေးဆေးမှူး ရဲမေလေးများသို့)
မောင်လွမ်းဏီ
၁၈ နိုဝင်ဘာ ၂၀၂၁
ဓာတ်ပုံဆရာလေးများကိုလည်း ဂါရဝဖြင့် …
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar