Breaking News

ငဇ - အမှန်တွေကွဲရှနေတဲ့ မှန်ကွဲစတွေ ...

ငဇ - အမှန်တွေကွဲရှနေတဲ့ မှန်ကွဲစတွေ ...

ငဇ - အမှန်တွေကွဲရှနေတဲ့ မှန်ကွဲစတွေ ...
(မိုးမခ) နို၀င်ဘာ ၉၊ ၂၀၂၁

မှန်ထဲကအရုပ်ကို ငါလို့ထင်နေတဲ့ 
အရူးတွေ များတယ်
ဒါကြောင့် မငြိမ်းချမ်းတာပဲ
လက်ထဲကခဏကို မူလီစုပ်
အရိပ်ကို အင်္ဂတေကိုင်
မနိုင်ဘူး ပေါ့တယ်
တလောကလုံး ချိန်ကြည့်လို့
တယောက်စာ အလေးချိန်မရှိဘူး
ခက်တော့တာပဲ
တော်တော်မလွယ်တဲ့ ယာဉ်ပဲ
အညှီတွေ မစင်တွေကို
ဗိုင်းငင်ချင်တဲ့ "လ" အကန်းပဲ
မမြင်လို့ 
မိုက်နေတာ မြင်မကောင်းဘူး
မှန်ကို ခွဲချလိုက်တယ်
အစိတ်စိတ်မြွာမြွာ
စိတ်ကို ခွဲချလိုက်တယ်
အထိတ်ထိတ်အပြာပြာ
ငါဆာနေတယ် 
စားလိုက်ရင် မဆာတော့ဘူး
ခဏ ခဏ ယုံ
ပုံပြင်တွေ အခန်းဆက်သိပ်များ
မပြီးဆုံးနိုင်တာ ဒါကြောင့်ပဲ
မှန်ပေါ်မှာပေနေတဲ့ မှိုင်းကို
ရိုင်းစိုင်းစွာ သတ်ပစ်လိုက်တိုင်း
အရိပ်ကို မှန်ကွဲစတွေ စိုက်ဝင် 
လည်နေတုန်း ... မဆုံး ...
လည်နေတုန်းပဲ ...။

၈ နို၀င်ဘာ ၊ ၂၀၂၁။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar