Breaking News

တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက် တို့မြန်မာ


“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက် တို့မြန်မာ”
(မိုးမခ) နို၀င်ဘာ ၂၅၊ ၂၀၂၁

"ကျန်းမာမှ စစ်အာဏာရှင်ကို အင်အားအပြည့်တော်လှန်နိုင်ပါမယ်။ ဆက်လက်တော်လှန်နိုင်မှသာ မြန်မာ့နွေဦးတော်လှန်ရေးဟာ မုချအောင်မြင်နိုင်ပါမယ်။" ကျန်းမာရေးဆိုတာ ကျွန်တော်တို့ မေ့မထားသင့်ပါလျက် မေ့ထားဖြစ်ကြတဲ့အရာပါ။ 

ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး၀န်ကြီးဌာနအ‌နေနဲ့ မြန်မာ့နွေဦးတော်လှန်ရေးအတွက် တော်လှန်ရေးလိုအပ်ချက်အရ အရေးကြီးတဲ့ကျန်းမာရေး ပြင်ဆင်နေရာချထားမှုတွေ၊ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာန (MOH) ကို ဦးတည်ပြီး ထိုင်းရောက် မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေးကော်မတီ (AAC) အဖွဲ့က ရန်ပုံငွေရှာ‌ဖွေရေးနဲ့  အနုပညာတင်ဆက်မှုပွဲတော်ကို ခမ်းနားစွာ စီစဉ်ကျင်းပသွားဖို့ ရှိပါတယ် ။ 

“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက်တို့မြန်မာ” လို့ အမည်ပေးထားတဲ့ ယခုအစီအစဉ်ကနေ ရရှိလာတဲ့ရန်ပုံငွေတွေကို ကျန်းမာရေး၀န်ကြီးဌာနနဲ့ တော်လှန်ရေးအတွက် အောင်မြင်ဖို့ လိုအပ်ချက်တွေကို ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ် ။ 

ပြည်တွင်းပြည်ပရှိ ပြည်သူပြည်သားတွေရဲ့ ပံ့ပိုးကူညီမှုများဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ ကံစမ်းမဲရန်ပုံငွေမှတဆင့် ငွေကြေးတန်ဖိုးအားဖြင့် တန်ဖိုးရှိတဲ့ လက်ဆောင်များ၊ အနုပညာရှင်များရဲ့ အမှတ်တရတန်ဖိုးထားရမည့် ဆုလက်ဆောင်များကို ကံထူးရှင်များရွေးချယ်ပြီး ပေးအပ်သွားမှာဖြစ်ပါတယ်။

ကံစမ်းရင်း အထူးအစီအစဥ်အနေနဲ့ အနုပညာအစီအစဥ်များဖြင့် ဖျော်ဖြေတင်ဆက်ဖို့ စီစဥ်ထားပါတယ်။ ပြည်တွင်း၊ ပြည်ပအသီးသီးမှ နေထိုင်ကြတဲ့ ပြည်သူအားလုံးအတွက် အားတက် ရွှင်လန်းစေဖို့ အနုပညာရှင်များရဲ့ ထူးခြားတင်ဆက်မှုများဖြင့် တင်ဆက်သွားမှာဖြစ်ပါတယ်။ 

ပါဝင်မည့် အနုပညာရှင်များကတော့ အဆိုတော် လင်းလင်း၊ အဆိုတော် Cobra၊ အကယ်ဒမီ မင်းမော်ကွန်း၊ ဒါရိုက်တာသည်ခေတ်နေ၊ အဆိုတော် မူးလာ၊ သရုပ်ဆောင် သီဟထွန်း၊ ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အကယ်ဒမီ ပိုင်ဖြိုးသု ၊ သရုပ်ဆောင် မြနှင်းရည်လွင်၊ ပန်ကိတ်ဒါဒါ၊ မြတ်နိုးအေး၊ ဆရာမ နုယဉ်၊ ဆရာမ မြူပါး၊ ကာတွန်းလဂွန်းအိမ်၊ ကာတွန်းဝေယံ (တောင်ကြီး)၊ ကောင်းစံသာ (ရေကြည်)၊ ဒေါက်တာဖြိုးသီဟ၊ ဒါရိုက်တာကိုပေါက်တို့ဖြစ်ကြပါတယ်။

အနုပညာရှင်များ ရဲ့ တော်လှန်ရေးအနုပညာနဲ့ ကျန်းမာရေးအသိပညာ တင်ဆက်မှုများကို D Day Channel, PVTV, ခေတ်သစ်မီဒီယာ, Mizzima အပါအဝင် ဆိုရှယ်မီဒီယာများမှတဆင့် အခမဲ့တိုက်ရိုက် (Free Live Show) အစီအစဥ်များဖြင့် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
 
ကံစမ်းလက်မှတ်တစ်စောင်ကို ထိုင်းဘတ်ငွေ (၁၉၉) ဘတ်ဖြင့် ကံစမ်းနိုင်ဖို့ စီစဥ်ထားရှိမှာဖြစ်ပြီး နိုင်ငံတကာမှလည်း ဝယ်ယူနိုင်ဖို့ စီစဥ်ထားရှိမှာဖြစ်ပါတယ်။ 

ကံစမ်းရင်း တော်လှန်ရေးအတွက် ပါဝင်နိုင်မှာဖြစ်လို့ ပါဝင်ကံစမ်းကြဖို့ တိုက်တွန်းလိုတဲ့ အတွက်  လက်မှတ်၀ယ်ယူလို့တဲ့သူတိုင်း “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” (https://facebook.com/healthrevolutionnugaac/) Page ကနေ ၀ယ်ယူနိုင်သလို ထိုင်းရောက် မြန်မာများအနေနဲ့ ယခုပွဲအတွက် ဆက်သွယ်ရမည့် AAC မဟာမိတ်အဖွဲ့ ( ထိုင်းအခြေစိုက် ) ၏ Viber &  Line  ဖုန်းနံပါတ် များ ဖြစ်တဲ့ 061 8352805 , 0624930245 တို့ကနေ ၀ယ်ယူအားပေးနိုင်ပါတယ်။

ဖွင့်ပွဲအစီအစဥ်များအား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၇) နာရီတိတိတွင် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ နိုင်ငံအလိုက် ဝယ်ယူအားပေးနိုင်တဲ့ နေရာများ၊ စျေးနှုန်းများကိုလည်း တပါတည်း ကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။

 “တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ” (https://facebook.com/healthrevolutionnugaac/) Page ကနေ တော်လှန်ရေးရန်ပုံငွေရှာဖွေရေးနှင့်အနုပညာ တင်ဆက်မှုပွဲတော်ရဲ့ အစီအစဥ်များကို ဖော်ပြသွားပါမယ်။  

တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက် တို့မြန်မာ တို့အားလုံး “တော်လှန်ရင်း ကံစမ်း၊ ကံစမ်းရင်း တော်လှန်ဖို့” ဒီအစီအစဉ်ကို ပါ၀င်ကူညီကြပါစို့လားခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ 

"တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက် တို့မြန်မာ"

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar