Breaking News

မောင်နွေထက် - ဝိညာဉ် မီးလျှံ

မောင်နွေထက် - ဝိညာဉ် မီးလျှံ
(မိုးမခ) နို၀င်ဘာ ၂၁၊ ၂၀၂၁

အမှောင်ထဲကလွတ်မြောက်ဖို့
ငါတို့အသက်ဝိညာဉ်တွေ ပေးဆပ်
ဘဝတွေပေးဆပ်ထားရတာ

ရထားက
နွေဦးဘူတာသစ်ဆီ အပြင်းမှောင်နှင်တုန်း

အမှောင်ထဲမှာ
ချိုးဖြူကလေးတွေလဲ
အစွမ်းကုန် ကူသံပေးနေတုန်း

ကောင်းကင်လမ်းပေါ်မှာ
ကြည့်စမ်း
သုရဲကောင်းတွေက ဝိညာဉ်မီးလျှံတွေနဲ့
အနာဂတ်ကို ထမ်းလို့ ...။

၂၀ နိုဝင်ဘာ ၂၀၂၁ (စနေည)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar