Breaking News

Aမွန် - ငါတို့နိုင်မှာ

Aမွန် - ငါတို့နိုင်မှာ
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၂၁

သေနတ်ကို လေးခွနဲ့ခံပစ်တယ်
လေယာဥ်ကို တူမီးနဲ့ပြန်ပစ်တယ်
အာ့သလို တော်လှန်စိတ်နဲ့ 
ပန်းတိုင်ဆီအရောက် ချီတက်ကြမယ်၊
ငါတို့နိုင်မှာ။

သွေးမကွဲနဲ့ သွေးရဲကြ
ဒါမှ ဉာဏ်ပညာနဲ့ချစ်ခြင်းထွန်းကားတဲ့
လူ့ဘောင်ကို ငါတို့ရမှာ
ငါတို့နိုင်မှာ။

လမ်းခုလတ်မှာ အသက်တွေကျခဲ့
ဘဝတွေ ဆုံးခဲ့
စစ်ပြေးလမ်းပေါ်က ငိုကြွေးသံတွေ
မမေ့နဲ့ 
မျက်ရည်ကို အားမာန်အဖြစ်ပြောင်းကြ
ငါတို့နိုင်မှာ။

သူတို့ရဲ့ နောက်ကျောမလုံတဲ့အကြောက်တရားကို
ငါတို့ ထောက်ထားငဲ့ညှာစရာဘာအကြောင်းမှမရှိ
ငါတို့နိုင်မှာ။

Aမွန်
6.jun.21

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar