ရဲဘော် ရမ်ချို - မီးခိုးတန်း ခရီးသည်
ရဲဘော် ရမ်ချို - မီးခိုးတန်း ခရီးသည်
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၂၁
နွေဦးတော်လှန်ရေးကာလအတွင်း ရှေ့တန်းတနေရာတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ရမ်ချို၏ ကျန်ရှိနေသေးသည့် ကဗျာ (၂) ပုဒ်အား ဆက်လက်ဖော်ပြလိုက်ရပါသည်။
====================
မီးခိုးတန်း
လွတ်လပ်ခြင်းကို ကြိုက်တဲ့ငှက်တွေက
ပျံသန်းတယ်။
လွတ်လပ်မှုရဲ့ အရသာကိုကြိုက်တဲ့ လူငယ်တွေက
တော်လှန်ရေးမှာ ပါ၀င်တယ်။
အားလုံးတူညီတဲ့ ပန်းတိုင်က
လွတ်လပ်ခြင်းကိုဖော်ဆောင်တဲ့
ဒီမိုကရေစီ။
သဘာ၀တောတောင်တွေအလယ်
မီးခိုးရောင် တိမ်တိုက်အောက်မှာ
စစ်ပညာကိုသင်ရင်း
တိုက်ပွဲ၀◌င်မယ့် လူငယ်တွေ
စစ်ချီလာပြီ .... ဟေ့။
အရေးတော်ပုံ မုချအောင်ရမည်။
ရဲဘော် ရမ်ချို
၁၉၊ ၉၊ ၂၀၂၁
============================================
ခရီးသည်
အလွမ်းကို စာဖွဲ့ရေး
အမုန်းကို မေ့ကာ
ကရုဏာ သဘောထား
အများအကျိုးပြုဖို့ တွေးတော
လျှောက်တဲ့လမ်းဟာ
ခလုတ်မထိ ဆူးမရှိ
လိုရာပန်းတိုင် သစ္စာထား
ကတိပြုခဲ့ ခရီးသည်များ
မ၀းတော့တဲ့ ဤခရီး
အဆုံးရောက်ဖို့ အားတင်းရင်း
ရှေ့ဆက်ကြစို့ ရဲဘော်များ ...။
ရဲဘော် ရမ်ချို
၂၃၊ ၉၊ ၂၁
ရဲဘော်ရမ်ချိုသည် နွေဦးတော်လှန်ရေးကာလအတွင်း ရှေ့တန်းတနေရာတွင် ကျဆုံးခဲ့ပါသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar