ကိုသန်းလွင် - ကိုလံဘီယာမှ မြေယာပြဿနာ
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၂၁
(၁)
ကိုလံဘီယာသို့ ယခုအပါတ်အတွင်းရောက်လာမည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကင်၏ဆွေးနွေးဖွယ်ရာများတွင်အရေးကြီးဆုံးအချက်များတွင် “မြေယာပြုပြင်ရေး” မှာ တစ်ခုအပါအဝင် ဖြစ်ပါသည်။ လယ်သမားများတွင် လယ်ကိုပိုင်ဆိုင်မှုမရှိဖြစ်နေခြင်းမှာမမြင်နိုင်သော ပြဿနာ ၂ ခု ပေါ်ပေါက်နိုင်ပါသည်။ (၁) ကုတ်ကင်းထုတ်လုပ်သော ကိုကာပင်များကို တရားမဝင်စိုက်ပျိုးနေခြင်း (၂) သောင်းကျန်းသူများ အမြစ်မပြတ်နိုင်ခြင်းတို့ဖြစ်ပါသည်။ (FARC- Fuerzas Armadas Revolucionarias de-Columbia) ခေါ်လက် နက်ကိုင်သူပုန်များမှာ အကဖ်အေအာစီနှင့် အစိုးရတို့ ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးပြီး သော်လည်း အမြစ်မပြတ်နိုင်ဘဲ အကြွင်းအကျန်များက ကျန်ရှိဆဲဖြစ်ပါသည်။
တိုးတတ်မှုများမှာနှေးကွေးလျက်ရှိပါသေးသည်။ ကိုလီဘီယာသမ္မတ အိုင်ဗင် ဒူကေး (Ivan Duque) အစိုးရက လယ်သမားများ လယ်ပိုင်မရှိခြင်းကို မလိုလား၍ ၎င်းကိုပယ်ဖျက်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။ တစ်နိုင်ငံလုံးစိုက်ပျိုးမြေများ၏ ၆၀% မှာ ပိုင်ခွင့် (Title) မရှိကြပါ။
(၂)
နယူးရော့တိုင်းသတင်းစာကြီးသို့ ယခုလတွင်ရောက်ရှိလာသော သမ္မတဒူကေးက သူတို့သည် နှစ်ကုန်တွင်မြေပိုင်ဆိုင်မှု (Land Title) ငါးသောင်းကျော်ချပေးသွားရန်ရည်ရွယ်ကြောင်း ပြောကြားသွားပါသည်။ အခြား ကိုလံဘီယာကိုအုပ်ချုပ်ခဲ့သော မည်သည့်အစိုးရကမှ မလုပ်ဆောင်နိုင်ခဲ့ကြောင်း သမ္မတက ရှင်းပြပါသည်။
လယ်သမားများကို လယ်ယာပိုင်ဆိုင်ခွင့်ပေးခြင်းမှာ သူတို့၏နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်ကိုပေးခြင်းနှင့်အတူတူပင်ဖြစ်ပြီး တိုင်းပြည်၏ လက်ဝဲယိမ်းသူများကလည်း ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကိုပေးခြင်းကို ကြိုက်နှစ်သက် သက်ပါသည်။ ကမ္ဘာ့ဘဏ်၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ နယ်သာလန်နှင့် နယူးဇီလန် အစရှိသောနိုင်ငံများက လည်းထောက်ခံကြပါသည်။
ပီရူးနိုင်ငံမှ စီးပွားရေးပညာရှင် ဟာနန်ဒိုဒီဆိုတို (Hernando de Soto) ကသူ၏ အရင်းရှင်တို့၏အရင်း (The mystery Of Capital) စာအုပ်တွင်အဘယ့်ကြောင့် အရင်းရှင်စနစ်သည် အမေရိကန်မှာသာအောင်မြင်ပြီး အခြားနိုင်ငံများတွင်ကျရှုံးရကြောင်း မြေပိုင်ရှင်များ၏ Land Title မရှိသည့်ကိစ္စကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အမေရိကန်ပြည်၌သာ မြေယာအိုးအိမ်တို့သည် လူတို့၏အရင်းများအဖြစ်အသုံးပြုနိုင်ကြပြီး လုပ်ငန်းများလုပ်နိုင်ကြပါသည်။ ဘယ်နိုင်ငံကိုသွားသွား ယေဘုယျအားဖြင့်မြေယာ၊ အိမ်ပိုင်ဆိုင်မှုများတွင်ပြသနာများရှိကြပါသည်။ စာရေးဆရာက အရင်းသေဟုခေါပြီး လူတို့ မတို့နိုင် မထိနိုင်သောအရာများဖြစ်ကြပါသည်။ ဤတန်ဖိုးပမာဏမှာ တစ်ကမ္ဘာလုံးကြည့်လျင် ၉.၃ ထရီလီယံမျှရှိပါသည်။
မြောက်များစွာသော လူပုဂ္ဂိုလ်များကလည်း မစ္စတာဒူကေး၏ လယ်ယာမြေ အပ်နှင်းခြင်းကိုအောင်မြင် စေချင်ကြပါသည်။ ပြသနာရှိသည်မှာ လယ်ယာမြေနှင့် ပါတ်သတ်၍ အငြင်းပွားကြခြင်းပင်ဖြစ်သည်။ အကယ်၍ လူနှစ်ယောက်က သူတို့၏ နယ်နိမိတ်မျဉ်းကို သဘောမတူနိုင်ကြဘူးဆိုလျင် ထိုအငြင်းပွားမှုသည် တရားရုံးသို့ ရောက်ရပါသည်။ အကယ်၍ ချမ်းသာသောမြေပိုင်ရှင်ကိုသာ ပိုင်ခွင့်ပေးပြီး ဆင်းရဲသူကိုချန်လှပ်ခဲ့လျင် မြေယာ တော်လှန်ရေးကြီးတခုလုံးက အဓိပ္ပါယ်မရှိတော့ပါ။ အစိုးရအနေဖြင့်လည်း ဆင်းရဲသားသည် သူတို့၏မြေယာ များကို ရောင်းချပြီး ထွက်မသွားစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။
အက်ဖအေအာစီ နှင့် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ်ထဲတွင် မြေဟက်တာ ၇ သန်း (၂၇၀၀၀ စကွဲယား မိုင်) ကိုလွှဲပြောင်းပေးရန်နှင့် အလယ်အလတ် လယ်သမားများကို ဟက်တာ ၃ သန်းကို အစိုးရပိုင်မြေများမှပေး ရန်စာချုပ်ထဲ တွင်ပါဝင်ပါသည်။ နောက်ထပ် ရီပို့စ် တခုကလည်းဆင်းရဲသားလယ်သမားများအတွက် ဟက်တာ ၁.၂ သန်းကိုခွဲပေးရန် ၂၀၂၀ ဒီဇင်ဘာလ နောက်ဆုံးထား၍ပေးရန် ရည်ရွယ်ထားသည်။
သို့သော်အချို့ကလည်း ထိုသို့ ဆင်းရဲသားများကို ခွဲဝေပေးမည့်မြေများမှာ အဆင်သင့်မဖြစ်သေးဘဲ ရှင်းလင်းရန်လိုသေးသည့်အပြင် လုပ်ရန်နည်းလမ်းများမှာ အချိန်ကြာဦးမည်ဟုဆိုသည်။ ၂၀၁၈ ခု မစ္စတာ ဒူကေး သမ္မတအဖြစ် တာဝန်ယူချိန်တွင် မြေအားလုံး၏ ၅% သာ ခွဲဝေပေးရန် အဆင်သင့်ဖြစ်နေသည်ဟု အမျိုးသား စီမံ ရေးဌာနတာဝန်ခံဖြစ်သူ ဘိုတာရို (Alejandra Botero) ကပြောသည်။ ကာဒက်စတား Cadastre ဟုခေါ်သည့် နယ်နိမိတ်ပိုင်းခြားထားသော ထိုမြေကွက်မြေပုံများအတွက် မျှော်မှန်းချက်မှာ မစ္စတာဒူကေး သမ္မတသက်တမ်းကုန်ဆုံးသည့် ၂၀၂၂ ခုသြဂုတ်လတွင်မှာ ၅၀ % သာ ပြီးစီးမည်ဖြစ်သည်။ ၎င်းသည် ၂၀၂၁ ဇန်နဝါရီလ ၁ ရက်နေ့တွင် ခွဲဝေပေးမှု ၁၅.၄% ပြီးစီးခဲ့သည်ဟု ဆိုသည်။
ဤစီမံချက်ကို ဒေသခံပြည်သူများက နားလည်သဘောပေါက်လက်ခံကြသည်ဟု ဆိုပါသည်။ အများစုမှာ မိမိ၏လက်ရှိပိုင်ဆိုင်မှုများကို မပျက်စီးစေလိုသော ဆန္ဒသာရှိကြသည်။
ယခုမြေကွက်များ၏မြေပုံမှာ ကိုကာပင်စိုက်ပျိုးနေရသော မြေယာများပါဝင်ရာ ဒေသဆိုင်ရာရုံးများမှ ဒေတာများပါရောပေါင်း၍ဆွဲထားပြီးဖြစ်သည်။ ထိုမြေပုံများသည် အသစ်ဆွဲထားသော ခွဲဝေပေးမည့်မြေပုံနှင့် ကွဲလွဲချက်များအနည်းငယ်တော့ရှိပါသည်။
ယေဘုယျအားဖြင့် မြေကွက်များပိုင်ဆိုင်မှုမှာ လယ်သမားတစ်ယောက်ကို ချမ်းသာစေနိုင်ပါသည်။ ၎င်းသည် ဖခင်မှ သားသမီးသို့ လွှဲပြောင်းပေးနိုင်သည်နှင့်အတူ ချေးငွေများရရှိရန်လည်း တတ်နိုင်ပါသည်။ အက်ဖအေအာစီကြီးစိုးထားစဉ်က ကွန်မြူနစ်ဝါဒကြောင့် ထိုပိုင်ဆိုင်သူလူများမှာ အရင်းရှင်ဟု စွတ်စွဲခံရသည့်အလေ့ အထရှိခဲ့ပါသည်။ ၂၀၀၁ က မစ္စတာဆိုတိုသည် IMF အတွက် စာတမ်းတစ်စောင်ရေးခဲ့ရာ “လူများသည် မြေမရှိ၍ ဘာမှကုန်ဆုံးစရာမရှိသောအခါ အရင်းရှင်တို့၏ညစ်ပစ်နေသော မြေတိုက်ခန်းဝယ် ပိတ်မိနေကြသည်” ဟု ရေးခဲ့ဘူးပါသည်။
အစိုးရအတွက်မှု မြေပိုင်ဆိုင်မှုကိုခွဲဝေပေးပြီးသည်နှင့် ပိုင်ဆိုင်မှု အကောက်ခွန် (Property Tax) ကောက်နိုင်သွားပြီဖြစ်သည်။ ထို့ပြင် တရားဝင်ပိုင်ဆိုင်ထားသောမြေကွက်ကြောင့် ထိုမြေကွက်တွင် တရားဝင်လုပ်ငန်းများကိုသာလုပ်ရန် ပိုင်ရှင်ကတာဝန်ယူရပေမည်။ ယခင်က မြေပိုင်ဆိုင်မှုမှာ မထင်ရှားခဲ့၍ တရားမဝင်စိုက်ပျိုးခြင်းစသောအပြုအမှုများကို လွယ်လွယ်နှင့်လုပ်ခဲ့ကြသည်။
ကိုလံဘီယာတို့၏ မြေယာတိုင်းထွာရေး “Survey Project” တွင်အချိန်နှင့်ငွေကုန်ကျခြင်းသက်သာစေရန် ဒတ်ချ်အစိုးရက တရုတ်အစိုးရက နယ်များသို့ “Barefoot Doctor” ဆရာဝန်များကိုစေလွှတ်သကဲ့သို့ ကိုလံဘီယာနယ်သားများကို မိမိတို့ပရောဂျက်ကို မိမိတို့ဘာသာလုပ်ကိုင်နိုင်ရန်စီစဉ်ပေးထားသည်။
လယ်သမားများသည် မိမိပိုင်တယ်လီဖုန်း၊ အိုင်ပက်များအကူအညီနှင့် မိမိပိုင်မြေကွက်များကို ဓါတ်ပုံရိုက်ကြသည်။ ထို့နောက် လတ္တီကျူးနှင့် လောင်ဂျီကျူးနံပါတ်များဖြင့် ဗဟိုမြေပုံဆွဲရာဌာနသို့ပို့ကြသည်။ မြေပုံဆွဲသည့်နေရာတွင် ထိုဒေတာများကို အကူအညီယူကာ မြေပုံဆွဲသူက ဆွဲကြပါသည်။
အက်ဖအေအာစီ နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုအပြီး ၅ နှစ်အကြာတွင် ကိုလံဘီယာ၏အခြေအနေသည် မတည်မငြိမ်ဖြစ်ဆဲပင်ရှိပါသေးသည်။ အကြမ်းဖက်မှုများမှာ ယခင်လောက် မပြင်းထန်သော်လည်း ရှိနေဆဲပင်ဖြစ်ပါသည်။ Finantial Times သတင်းစာ၏ ဆာဗေးတွေ့ရှိချက်အရ ပြောဆိုသူများ၏ ၇၁ % မှာ ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုပြီး အခြေအနေမှာဆိုးရွားလွန်းသဖြင့် မြေယာခွဲဝေရေးလုပ်ငန်းမှာ အထစ်အငေါ့များ မြောက်များစွာရှိနေပါသည်ဟု တုန့်ပြန်ကြသည်။
နယူးရော့တိုင်းသို့ရောက်စဉ်က မစ္စတာဒူကေးက သူနှင့်အမေရိကန်မှာ အကူအညီပေးရေး အဖွဲ့ခေါင်းဆောင် ဆက် (Mr Lawrence Sacks) နှင့် အတွေ့အကြုံကိုပြန်လည်ပြောပြပါသည်။ သူတို့နှစ်ဦးသည် နိုင်ငံမြောက်ပိုင်း Ovejas မြို့ ၌ကျင်းပသော မြေပုံရေးဆွဲရေးအောင်ပွဲသို့ အတူတက်ရောက်ခဲ့ကြပါသည်။ ဤပွဲတော်မှာစိတ်လှုပ် ရှားစရာ အလွန်ကောင်းပါသည်။ သူသည် ကိုလံဘီယာမြို့တွင် မစ္စတာဘလင်ကင် လာမည်ဆို၍ စောင့်ဆိုင်းနေခြင်းဖြစ်ပြီးတယ်လီဖုန်းမှ “ကိုလီဘီယာတွင် ပြဿနာ၏အရင်းခံမှာ လယ်ယာများဖြစ်ကြောင်း၊ ထို့ကြောင့် ပြဿနာတိုင်းလိုလို၏အဖြေကို လယ်ယာများပိုင်ဆိုင်မှုနှင့် ဖြေရှင်းကြရမည်” ဟု ပြောဆိုသည်။
(၃)
မစ္စဘိုတာရိုက ဒီပြဿနာဟာ ကျွန်မတို့ရဲ့ အသည်းနှလုံးနှင့် အနီးဆုံးနေရာမှာရှိပါတယ်။ ကျွန်မတို့အစိုးရ ပြီးဆုံးမယ့် နောက်နှစ်မရောက်ခင် ပြီးနိုင်သမျှပြီးအောင် ဆောင်ရွက်ချင်ပါတယ်ဟုပြောသည်။ ကိုလံဘီယာမှာ အခြား ပြဿနာမရှိ လယ်ယာမြေတွေကို ပိုင်ဆိုင်ခွင့်ပေးပြီးမှ လုပ်စရာတွေဟာ အများကြီးရှိနေပါတယ်ဟုဆိုသည်။
ကိုသန်းလွင်
Ref: Colombians united over land reform By Peter Coy New York Times October 22 021
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar