Breaking News

မရီဝေ - ငြိမ်သက်ခြင်းရဲ့အသံ

မရီဝေ - ငြိမ်သက်ခြင်းရဲ့အသံ

(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၁

တနိုင်ငံလုံးတိတ်ဆိတ်ငြိမ်သက်
အိပ်မက် မက်နေသလားတောင်ထင်ရ
ဘာသံမှတောင်မကြားရ...
အံသြစရာကောင်းလိုက်တာ.....။

လမ်းသွယ်ကလေးတွေမှာတောင်
ခွေးတကောင်
ကြောင်တကောင်ကအစ
ဖြတ်ပြေးသွားတာတောင်မမြင်ရ
ဆရာတာရာရဲ့ စကား
ငှားပြောရရင်....
လမ်းမကြီးတွေက...
ဝတ်လစ်စလစ်လမ်းမကြီးတွေဖြစ်လို့...။

ပြည်သူသန်းငါးဆယ်ကျော်
ပျောက်ကွယ်နေပုံမျိုး
အသက် ၇၀ ကျော် ကျမ
တဘဝလုံးမှာတခါ
အခုမှသာကြုံဖူးမြင်ရ
တကမ္ဘာလုံးက သြချရတဲ့
ပြည်သူတွေရဲ့သဘောထား
မြင်ကြရပြီလား.....
ကြားကြရပြီလား.......။

ဒါလား.....
မဲလိမ်မဲခိုးတာ
ရယ်စရာကောင်းလိုက်တာ....။

ဟော....
ညနေလေးနာရီ
ကမ္ဘာမြေမဟီတုန်ရီခမန်း
သန်းငါးဆယ်ကျော်ရဲ့လက်ခုပ်သံ
အောင်ပွဲခံတဲ့လက်ခုပ်သံ
ကမ္ဘာ့နံရံတွေထိပဲ့တင်သံ
သင်တို့ဘယ်လောက်ဉာဏ်များများ
ဒါဟာပြည်သူတွေရဲ့
အသံတိတ်ပေမဲ့
အောင်လံမလိပ်တဲ့စကား .....။

၁၀၊ ၁၂၊ ၂၀၂၁


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar