မောင်မောင်စိုး - KNU မှတ်စု (၁)
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၁
၁။ ပြီးခဲ့သော ဆယ်နှစ်ကာလအတွင်း အပစ်အခတ်ရပ်စဲရေးနှင့် NCA လက်မှတ်ရေးထိုးထားသော KNU နှင့် တိုက်ပွဲဖြစ်ပွါးမှုအချို့ရှိသော် လည်း နည်းပါးသည်ဟုဆိုနိုင်သည်။ အထူးသဖြင့် နယ်မြေအငြင်းပွါးမှုနှင့်ဆိုင်သည့်တိုက်ပွဲများဟု ဆိုနိုင်သည်။ တိုက်ပွဲဖြစ်ပွါးပြီးလျင် စစ်ရှိန်ကို ပြန်လည်လျှော့ချနိုင်ခဲ့ကြသည်။
၂။ ၂၀၂၁ ခုနှစ်အတွင်း KNU တပ်မဟာ ၁ ( သထုံခရိုင်)၊ တပ်မဟာ၂ ( တောင်ငူခရိုင်)၊
တပ်မဟာ ၃ (ညောင်လေးပင်ခရိုင်)၊ တပ်မဟာ ၅ (ဖါးပွန်ခရိုင်) တို့တွင် တိုက်ပွဲဖြစ်ပွါးသည့်သတင်းများစိပ်လာပြီး တပ်မဟာ ၄ (ထားဝယ်ခရိုင်) ဧရိယာအတွင်း တိုက်ပွဲအနည်းအကျဉ်းဖြစ်သည်ကို တွေ့ရသည်။ KNU တပ်မဟာ ၆ (ဒူးပလာယာခရိုင်) နှင့် တပ်မဟာ ၇ (ဘားအံခရိုင်) ဧရိယာများတွင် တိုက်ပွဲဖြစ်ပွါးသည်ကို မကြားရပေ။ သို့ သော် ထိုအခြေအနေသည် ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ပြောင်းလဲလာသည်ကို တွေ့ရသည်။
၃။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ မှစပြီး KNU တပ်မဟာ ၆ နယ်မြေ လေးကေကော်တွင် သေနတ်သံစမြည်ပြီး တိုက်ပွဲအရှိန်မြင့်တက်ခဲ့သည်။ လေးကေကော်နယ်မြေတွင် စစ်ရေးအရ တင်းမာမှုလည်း သိသိသာသာမြင့်တက်နေသည်။ ပို၍ကြီးမားသော တိုက်ပွဲများဖြစ်ပွါးလာနိုင် သည်ဟု ယူဆရသည်။ ယခင်ဖြစ်ပွါးသည့် သာမန်နယ်မြေအငြင်းပွါးသည်ထက်ပိုသည်ဟုဆိုနိုင်ပေရာ တပ်မဟာ ၆ နှင့် ဆက်စပ်နေသည့် မြဝတီမြောက်ဖက်ခြမ်းရှိ KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ဧရိယာသို့ပင် စစ်မီးပွါးလွင့်စင်နိုင်ချေရှိမည်လောဆိုသည်မှာ စဉ်းစားဘွယ်ဖြစ် သည်။ လေးကေကော်သည် KNU ဒေသတခုလုံး စစ်ရှိန်မြင့်တက်လာမည့် အစပြုချက်လောဟု သတိထားစောင့်ကြည်ရမည်ဖြစ်သည်။
၄။ သို့သော်လည်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် KNU ပါတီကွန်ဂရက်ကျင်းပမည်ဖြစ်ရာ ထိုကာလအထိတော့ အခြေအနေအား ထိမ်းထိမ်းသိမ်းသိမ်း ဆောင်ရွက်ဖွယ်ရှိသည်ဟု မျှော်လင့်ရပေသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar