ခိုင်မျိုး - ရွာထဲမှာ
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၁
ဒီဇင်ဘာလမှာဘယ်ဘုရားသခင်ရဲ့မွေးနေ့ရှိမလဲ
အကျဉ်းကျနေတဲ့လူတွေကို
လွတ်ငြိမ်းစေမယ်
ခိုနဲ့မိုးပျံပူဗောင်းတွေလွှတ်မယ်
စစ်မက်ကိုငြိမ်းစေမယ်
လူတို့ရဲ့မသိမှုကိုခွင့်လွှတ်မယ်
စေတန်လမ်းကိုရှင်းထားမယ်
ကောင်းကင်လမ်းကို
ပန်းရနံ့တွေလွှမ်းစေမယ်
ချိုးငှက်တွေသားဖောက်တဲ့ရာသီလား
ဆလ်မွန်ငါးတွေသားပေါက်တဲ့ရာသီလား
သူတို့မအားဘူးဆိုတာရောသိကြရဲ့လား
လူတွေမောပမ်းမှုကိုစွန့်ခွာနိုင်ကြပြီလား
တောအစပ်ဆီနှင်းတွေထူထူထဲထဲ
ချစ်ခြင်းမေတ္တာကို
ယုံကြည်ရာဘက်ရွေ့နေတာမနုဿတွေလား
တိရစ္ဆာန်တွေလား
ခင်ဗျားရင်အုံအောက်ကအမှန်တရားဟာ သွေးတွေနဲ့ပါလား
လူခွဲကန်နေတဲ့တိုင်းပြည်မှာ
ဒိုင်ကဘယ်သူလဲ
ရာသီကအေးတဲ့ဘက်ကိုလုနေပြီဆိုတာလွန်ဆန်နိုင်လို့လား.(ဒုက္ခသည်စခန်းကလွမ်းလောက်ရဲ့)
အနွေးထည်ဝတ်လေ
အချမ်းပြေသောက်ဖို့ဝတ်သစ်ချစည်တခုကိုဖွင့်
သည်စည်ကို
တစ်ထောင့်ကိုးရာလေးဆယ့်ရှစ်ခုနှစ်ထဲက
လူမျိုးစုသွေးအသီးသီးနဲ့
စပ်ဖျော်သိုလှောင်ထားခဲ့ပါတယ်
အမည်ကို
ငြိမ်းချမ်းရေးလို့မှည့်ခေါ်လိုက်ကြတာပေါ့.
အခု
ကောင်းခြင်းမဂ်လာရောက်စေသော်လိုဆုတောင်းပြီး
သတ်ရင်းသောက်လို့ရပြီ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar