Breaking News

မောင်လွမ်းဏီ - နှလုံးသွေးဗေဒ

နှလုံးသွေးဗေဒ
မောင်လွမ်းဏီ
(မိုးမခ)ဒီဇင်ဘာ ၆၊ ၂၀၂၁ 

ကြယ်တွေ
ပွင့်တယ်
လွင့်လွင့် မျောမျော
လေဟုန်ထဲမှာ။
ကြယ်တွေ
လက်တယ်
ရက်ဆက်ဆိုသလို
မြေရင်ခွင်ထက်။
သွေးနဲ့ ဖူးတဲ့၊ ကြယ်တွေလား
သွေးနဲ့ ပွင့်မယ့်၊ ကြယ်တွေလား
ဓား ဓား ချင်း ၊ လှံ လှံ ချင်းမှ 
မြား မြားချင်း ၊ ကား ကား ချင်းလား  
စစ်ခင်းတာပေါ့ရဲဘော်တို့။

မောင်လွမ်းဏီ
၆ ဒီဇင်ဘာ ၂၀၂၁
ပန်းချီဒီဇိုင်းဆရာလေးကိုလည်း ဂါရဝဖြင့် ...


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar