Breaking News

ကျော်ဟုန်း - နွေဦးတော်လှန်ရေး

ကျော်ဟုန်း - နွေဦးတော်လှန်ရေး
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၁

အမည်းရောင်လွှမ်းခံထားရတဲ့
ငါတို့ ဝမ်းနည်းမှုတွေဟာ
ဖြူစင်လွန်းခဲ့ပါတယ်။

အနီရောင်ဖုံးလွှမ်းနေတဲ့
မျှော်လင့်ချက်အတွင်းသားဟာ
ဖြူစင်လွန်းဆဲပါပဲ။

နွေဦးဟာ
အဖြူထည်နဲ့ ဖြစ်တည်တယ်။

မယုံရင်
အသက်ပေးသွားတဲ့
သူရဲကောင်းတို့ သွေးတွေကို
ဓာတ်ခွဲကြည့်။

ကျော်ဟုန်း
၂၀၂၁၁၂၁၈

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar