စေတ - မြစ်၏လားရာ
စေတ - မြစ်၏လားရာ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၁
တဖြည်ဖြည်းနဲ့မြစ်ဟာ
သူစီးရမယ့်လွင်ပြင်ကိုတွေ့ပြီ
သူ့ရှေ့က
အဟန့်အတားတွေ
ဘယ်လောက်များများ
ရေစီးကြောင်းက
မထင်မှတ်ထားလောက်အောင်
သန်မာလာနေဆဲ
မြစ်ဟာ
တောကြမ်းတောင်ကြမ်း
တောင်ကမ်းပါးယံတွေကို
တိုက်စားပစ်ခဲ့
ဘယ်သူမမြင်ယောင်ဆောင်လဲ
မြစ်ဟာ
လူတွေ စားနပ်ရိက္ခာတွေ ကုန်တွေ
အားလုံးကိုသယ်ဆောင်လာတဲ့သင်္ဘောတွေ
တခါတလေ
လှေတွေ သစ်ဖောင်ဝါးဖောင်တွေကို
ကူတွန်းပေးနေတာ။
စေတ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar