အန်နိုလာ - ကမ္ဘာကြီးကို ငါမေးရပါဦးမယ်
အန်နိုလာ
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၂၁
ဘဝအဓိပ္ပာယ်ဆိုတာ
လူသတ်သမားလက်ထဲက ဝက်အူလှည့်တွေလား
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။
ဘဝအဓိပ္ပာယ်ဆိုတာ
မီးလင်းဖိုထဲက မီးသွေးခဲတွေလိုလား
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။
လူနှစ်ယောက် ချစ်မှုပြုပြီးလို့
စွန့်ထုတ်လိုက်တဲ့ သုတ်ပိုးတွေကြောင့်
ဓမ္မကိုပျက်ရယ်ပြုဖို့
မွေးဖွားလာတဲ့ သရော်စာတပုဒ်အကြောင်း
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။
ငါတို့သေရမှာထက်
အာဏာရှင်တွေ အသက်ရှင်မှာ ကြောက်တယ်ဆိုတဲ့ ပြည်သူတွေအကြောင်း
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။
ကမ္ဘာကြီးရေ...
လူတယောက် ဘုရားလုပ်တမ်းကစားနေတာနဲ့တော့
ကျနော့်မေးခွန်းတွေကို စောက်ဖက်မလုပ်ဘဲ မနေပါနဲ့။
မျက်စိရှေ့မှာတင် ဆပ်ပြာပူဖောင်းလေးတွေ
အသံတိတ် ပေါက်ကွဲကုန်ကြပြီ။
Dec 16 2021
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar