Breaking News

ရဲရင့်သက်ဇွဲ - ကမ္ဘာမကြေ

ရဲရင့်သက်ဇွဲ - ကမ္ဘာမကြေ
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၁

ဒီနေ့ အဖြစ်အပျက်ဟာ
ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို
ပိုမိုခိုင်မာစေတော့တယ်။

ကြွေလွင့်သွားတဲ့
ကြယ်ပွင့်တိုင်းအတွက်
သွေးကြွေးမှာ
ဆွေးနွေးစရာအကြောင်းမရှိ ။

ကြောက်ခေတ်ကို
မှောက်ပြစ်ခဲ့တဲ့
သူရဲကောင်းများအတွက်
ကမ္ဘာမကြေတေးသံဟာ
ငါတို့ အရိုးထိအောင် စူးလို့ ။

ရဲရင့်သက်ဇွဲ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar