မင်းငြိမ်းအေး - တောင်ဇလပ်(sokhlei)
တောင်ဇလပ်(sokhlei)
မင်းငြိမ်းအေး
(မိုးမခ)ဒီဇင်ဘာ ၁၁၊ ၂၀၂၁
ငါ့နာမည်
ဗန်အုပ်လျှန်
ဒီလိုနဲ့စတွေ့တာပဲ။
သူက
ပိတောက်တွေရွှေရည်လူးပေမယ့်
ငါက
တောင်ဇလပ်ဘယ်လိုပွင့်မှန်းတောင်မသိ။
သူ့(ကပါး)က
သူသေတဲ့ထိ
ငါ့ကို
ဗန်အုပ်လျှန်ပဲ။
ချစ်တာအပြစ်ဆိုရင်
ငါ၊ညာမိတာက
အပြစ်လွတ်အောင်ပေါ့။
ဒီလို
ခရစ်တော်မွေးဖွားကာနီးရင်
သူ့ကိုသတိရတယ်။
မဲဆောက်စကားနဲ့ဆိုရင်
ရန်သူနဲ့မျက်နှာချင်းဆိုင်ချင်တယ်
ချစ်သူနဲ့စိတ်ဝမ်းမကွဲချင်ဘူး။
တစ်နေ့ပေါ့
ဘိုးဘွားတွေဆင်းသွားတဲ့
ရိဒ်
ဒီရိဒ်ရေကန်မှာ
ချစ်သူချင်း
ပေါင်းရပါစေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar