Breaking News

မောင်လွမ်းဏီ - မျက်ရည်အသိုက်

Photo - Crd
မျက်ရည်အသိုက်
မောင်လွမ်းဏီ
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၂

အမေ့သင်တိုင်းက
သားပုခက်ပဲ၊ မြဲမြံခိုစီး 
ရီးလေ့လေးပေါ့ ဖိုးခွားနော်။
အမိုးဖိနပ်
ပြတ်ကျန်ခဲ့တယ်၊ ပြောင်းကန်သင်းရိုး
ဆူးနဲ့ထိုးသလို
သွေးခြေဉပါစေတော့ငယ်။
သောင်ရင်းကမ်းဘေး
အေးလား ဖိုးခွား၊ နွားခြံကျောခင်း
စစ်တလင်းအကွာ၊ စစ်ဒဏ်ရာလား
စိတ်အနာလား။
လွတ်ပါ့မလား ဖိုးခွားရေ
ပြေးကြမယ်လေ
မငိုနဲ့
အမေ့မျက်ရည်ဉ
ဘဝတခုကို
အမိုးတို့ ရအောင်လုတာပေါ့။

၂၆ ဒီဇင်ဘာ ၂၀၂၁
 - ဓာတ်ပုံဆရာလေးကိုလည်း ဂါရဝဖြင့် ...
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar