တာရို - ၂၀၂၂ဇန်နဝါရီမြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
တာရို - ၂၀၂၂ဇန်နဝါရီမြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၂
ဇန်နဝါရီလအစပိုင်းမှာ အကောင်းဘက်ကို တိုးတက်လာတဲ့ အခြေအနေရှိတယ်။ ပြောင်းလဲတယ်လို့ မဆိုလိုပါ။ အခြေအနေရှိနေတယ်လို့ ဆိုလိုပါတယ်။ မိသားစုကိစ္စ၊ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ စတင်ကာ အစပျိုး လုပ်ကိုင်လာဖို့ အခြေအနေရှိလာမယ်။ လလယ်ပိုင်းလောက်မှာ လူတွေအတွက်တော့ စိတ်ကျေနပ်စရာကောင်းလောက်တဲ့ ပုံစံမျိူးတော့ မဖြစ်သေးပါဘူးတဲ့။ လူတွေဟာ ကိုယ့်ဘဝကို enjoy လုပ်ပြီး နေနေကြတယ်ါ။ ဒါပေမဲ့ မပျော်ရွှင်ကြဘူးတဲ့။ လူတွေဟာ ကိုယ်လုပ်နေတဲ့အလုပ်တွေကို ပဲ ကြိုးစားပြီး လုပ်ကိုင်နေကြတယ် ဆက်သွားနေကြတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ empty ဖြစ်နေတယ်။ depression တွေ ဖြစ်နေတယ်။ ဖရီးဒန်းကို အရမ်းတောင့်တနေကြတယ်။ အရမ်းကို လိုချင်နေကြတယ်။ လကုန်ပိုင်းလောက်မှာ လူတွေဟာ ကြုံနေရတဲ့ အခြေအနေဟာ မမျှတသေးဘူး။ မမျှတတဲ့ ပတ်ဝန်းကျင်ကြီးမှာ ဆက်သွားနေကြရဦးမယ်။ ဒီတော့ ဇန်နဝါရီလဟာ သိပ်တော့ ကျေနပ်လောက်စရာ မကောင်းသေးဘူးပေါ့။ ဇန်နဝါရီလအတွင်းမှာ ခေါင်းဆောင်မှုတစ်ခု မမျှော်လင့်ဘဲ ရလာနိုင်တယ်တဲ့။ အကယ်၍များ လူတွေဟာ သတိထားပြီး နေထိုင်သွားမယ်ဆိုရင် တကယ်ရိုးသားဖြောင့်မတ်ပြီး ခွန်အားရှိတဲ့ ခေါင်းဆောင်မှု တစ်ခု ဒါမှမဟုတ်လည်း လုပ်သင့်လုပ်ထိုက်တဲ့ လမ်းကြောင်းတစ်ခု မမျှော်လင့်ဘဲ တွေ့လာမယ် လို့ အဓိပ္ပာယ်ဖော်ထားပါတယ်။
ဇန်နဝါရီလတစ်ခုလုံးကိုခြုံပြီး ကြည့်လိုက်တော့ လူတွေဟာ တယောက်နဲ့တယောက် အမြင်မတူတာတွေ မကျေမနပ်ဖြစ်လာရာ ကနေ အချင်းချင်း ထိခိုက် ပြောဆိုနေကြရာကနေ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်လာမယ်လို့ဆိုတယ်။ စည်းလုံးလာကြတယ်တဲ့။ ပြန်ပေါင်းထုတ်လာကြမယ်တဲ့။ ဘက်တူတဲ့လူတွေ စုလာမိကြပြီတဲ့။ လူတွေဟာ ခွန်အားရှိတယ်၊ သတ္တိရှိတယ်၊ ခေါင်းလည်းမာကြတယ်။ လိုချင်တဲ့အရာတစ်ခုကို ရချင်နေကြပြီ။ တိုက်နိုင်ခိုက်နိုင်တဲ့လူတွေလိုပဲ စိတ်ဓာတ်တွေ တက်ကြွနေကြပါတယ်တဲ့။
ဖေဖော်ဝါရီနဲ့ မတ်လကို အကြမ်းဖျင်း ကြည့်တာပါ။
ဖေဖော်ဝါရီလ မှာ တခုခုဟာ အစပြုလာပြီတဲ့။ အကောင်းဘက် ကို စလာပြီ။ လုပ်နေတဲ့ အလုပ်အကိုင်ပိုင်း၊ သွားနေတဲ့ ဘဝခရီးဟာ တစ်ခုခုကို အစပြုလာပြီ။ တော်တော်လေးကို ကောင်းတဲ့ လမ်းစဖြစ်လာပြီ။ အောင်မြင်ဖို့လမ်းစ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူတွေဟာ အကြောက်အရွံ့မရှိဘဲလရှေ့တိုးလုပ်လာကြတွေ ရှိလာမယ်။ နောက် ဘာဖြစ်မယ်ဆိုတာ သိပ်မတွေးကြတော့ဘူးတဲ့။ စိတ်တွေက သိပ်ကို တက်ကြွ သတ္တိတွေရှိနေကြတယ် လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်တွေကိုလည်း ခပ်မြန်မြန်ပဲချပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။
မတ်လ မှာ လူတွေဟာ စိတ်နဲ့ကိုယ်နဲ့ တထပ်တည်းကျလာပြီလို့ ဆိုတယ်။ စိတ်သွားတိုင်း ကိုယ်ပါလာပြီ။ အတိတ်က မလုပ်နိုင်တာတွေ လုပ်နိုင်လာမယ်။ အတိတ်က မှတ်ဉာဏ်တွေဟာလည်း ပြန်လည် သတိရစရာတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။ လူတွေဟာ အရင်ကထက် ပိုပြီး ပျော်ရွှင်လာကြပါပြီတဲ့။ ကောင်းတဲ့ အခြေအနေတခုကို ရောက်လာကြသလိုပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ လူတွေလိုချင်တာ အပြည့်အဝမရသေးဘူး ။ ဘာလို့ဆို ကိုယ်လိုချင်တဲ့အရာက သိပ်ကို ကြီးမားလွန်းတာကြောင့်လို့ ဆိုတယ်။ ဒါကြောင့် အပြည့်အဝရဖို့ ၁၀၀ ရာခိုင်နှူန်း ရဖို့ နှေးနေသေးတယ်။ ပြီးတော့ အဲဒိကာလမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ သတိထားကြပါလို့ သတိပေးထားပါတယ်။ ကိုယ် လိုတာ အပြည့်အဝမရသေးဘူးဆိုတာကို မမေ့ပါနဲ့တဲ့။ လှည့်စားမှုတွေလည်း ရှိနေတတ်တယ်။ ဒါကြောင့် အလျင်စလို လုပ်မိတာ ဆုံးဖြတ်မိတာ ရွေးချယ်မိတာ သိပ်ကိုသတိထားရမယ်တဲ့။ မတ်လမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုလည်း ကြုံရဖို့ရှိတယ်လို့ ဆိုထားပါတယ်။ ကောင်းတာဆိုးတာတော့ မသိပါဘူး။
ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လမှာ လူတွေအတွက် ကောင်းသော အတိတ်နိမိတ်တွေ ရလာမယ်။ အာဏာနဲ့ပတ်သက်ပြီးတော့လည်း လမ်းကြောင်းအမှန်ကို မျက်လှည့်ပြလိုက်သလို ရလာနိုင်ပါတယ်တဲ့။ သစ္စာဖောက်မှုကြီးတစ်ခုဟာ တော်တော် ထင်ထင်ရှားရှား ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ လူတွေဟာ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရတဲ့အရာဟာ ကောင်းတဲ့လမ်းပေါ် ရုတ်တရက် ရောက်လာနိုင်ပါတယ်တဲ့။ မျှော်လင့်ချက် နေရောင်ခြည်လေးဟာ မထင်မှတ်ဘဲ အစပျိုးလာလိမ့်မယ်လို့ ဆိုပါတယ်။
ခြုံပြီး ပြောရရင် ၂၀၂၂ ရှေ့ ၃ လဟာ လူတွေအတွက်တော့ လိုချင်တာ အပြည့်အ၀ ဖြစ်မလာသေးတာကလွဲလို့ တော်တော်လေး အကောင်းဘက်ကို ရွေ့လာတဲ့ သဘောတွေ များပါတယ်။ ရောဂါဘယတွေနဲ့ ပတ်သက်လို့တော့ ဘာမှ မတွေ့ရပါဘူး။ လူတွေဟာ သတိထားပြီး နေနေကြလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဆိုးဆိုးဝါးဝါး မဖြစ်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခုဟောတာကတော့ လူတွေကိုသာ အဓိကထားပြီး ကြည့်တာပါ။ တိုင်းပြည်အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရေး မဟုတ်ပါဘူး။ လူတွေရဲ့ အနေအထား နေထိုင်မှု ဘ၀အခြေအနေ စိတ်နေစိတ်ထား စတာတွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို အာရုံထားပြီး ကဒ်တွေ လှန်ထားတာပါ။ ဒါတွေကို ကြည့်ပြီးတော့ တိုင်းပြည်က ဘယ်လို ရှိမလဲလို့ စဉ်းစားကြည့်ရမယ် ထင်ပါတယ်။
အားလုံး ကျမ်းမာ ချမ်းသာကြပါစေ။
တာရို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar