Breaking News

ရင်နီ - ဆွဲထုတ်မရတဲ့ အသိ

ဆွဲထုတ်မရတဲ့ အသိ
ရင်နီ
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၂

အသက်က သေရင် ပြတ်တယ်။

ဆောက်တည်မှုက 
သေရင်တောင် မျိုးဆက်လိုက်တယ်။

ရပ်တည်ချက်ဆိုတာ
နိုင်ဖို့မဟုတ်
တရားမျှတဖို့သာ။

လေထဲ 
သင်္ဂြိုဟ်လို့မရတဲ့ လူ့အလောင်းကို
သမိုင်းကြောင်းက တဖွဖွ။

၁၀၊ ၁၊ ၂၀၂၂
ည ၁၀း ၀၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar