နေစိမ့် - ကျန်ခဲ့သူ
နေစိမ့်
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၂
ဘူတာရုံမှာ ငါတယောက်တည်းလားဆိုတော့လည်း မဟုတ်ဘူး။ သူတို့လည်းကျန်ခဲ့တာပါပဲ ။ ကွမ်းယာဆိုင်မှာ လူနှစ်ယောက်ရပ်ပြီးစကားပြောနေကြတယ် ။ ညကအဂ်လန်မှာ ကန်သွားတဲ့ ဘောလုံးပွဲအကြောင်း ။ ပွဲကပြီးသွားပြီ ။ မြန်မာပြည်မှာ ဂိုးသွင်းနေကြတုန်း ။ ကျန်ခဲ့သူတွေ ။ ဖရဲသီးစိပ်ရောင်းနေတဲ့ ကလေးမလေးလည်း ကျန်ခဲ့တာပါပဲ။ အသုတ်စုံရောင်းနေတဲ့ ကြီးတော်ကြီးလည်း ကျန်ခဲ့သူတွေထဲက တယောက်ပဲ ။
ရထားကထွက်သွားပြီး ဥဩသံကိုရှည်လျားစွာချန်ထားတဲ့အထဲမှာ ကျန်ခဲ့သူတွေမှာ သူ့အဓိပ္ပာယ်နဲ့သူ။ ဘူတာရုံဟာအနည်းငယ်မျှ တိတ်ဆိတ်သွားသလိုရှိနေရာကနေ ခရီးသွားမယ့်သူတွေအလျှိုလျှို ရောက်လာကြပြန်တယ်။ နောက်လာမယ့် ရထားတစီးကို စီးဖို့လိုရာခရီးကိုသွားဖို့ ။ မမီတဲ့ရထားကိုမစီးလိုက်ရပဲ ကျန်ခဲ့သူဟာ ငါတယောက်တည်း မဟုတ်ဘူး။ နောက်ရထားမလာခင် စောင့်နေသူတွေအားလုံး ကျန်ခဲ့သူတွေ ။ ။
နေစိမ့်
3/ 1/ 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar