Breaking News

ချမ်းမြ - ဒါကဗျာတပုဒ်ဆို ခင်ဗျားဘာပြောမလဲ

ချမ်းမြ - ဒါကဗျာတပုဒ်ဆို ခင်ဗျားဘာပြောမလဲ
(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၂၂
 
ကြယ်တွေ အကြောင်းမပါဘူး 
ချစ်ခြင်းမေတ္တာတရားအကြောင်းမပါဘူး 
နေကြာပန်းတွေအကြောင်းမပါဘူး 
အမျိုးသမီးတယောက်အကြောင်းမပါဘူး 
မျက်လုံးဝိုင်းဝိုင်းလေးအကြောင်းမပါဘူး 
သွားထပ်ကလေးအကြောင်းမပါဘူး 
ညီမလေးအကြောင်းမပါဘူး 
လွမ်းတဲ့ အကြောင်းလည်းမပါဘူး 
သတိရကြောင်းလည်းမပါဘူး 
အသည်းကွဲကြောင်းလည်းမပါဘူး 
ဝေဒနာတွေအကြောင်းလည်းမပါဘူး 
စီးကရက်တွေအကြောင်းမပါဘူး 
ကော်ဖီတွေအကြောင်းမပါဘူး 
အရက်အကြောင်းမပါဘူး 
စာအုပ်တွေ အကြောင်းမပါဘူး 
ကြောင်လေးတွေအကြောင်းမပါဘူး 
ခွေလေးတွေအကြောင်းမပါဘူး 
တက္ကသိုလ်တွေ အကြောင်းမပါဘူး 
ကျောင်းသားတွေ အကြောင်းမပါဘူး 
နိုင်ငံတော်အကြောင်းမပါဘူး 
တော်လှန်ရေးအကြောင်းမပါဘူး 
သူပုန်တွေအကြောင်းမပါဘူး 
ဝရမ်းပြေးတွေအကြောင်းမပါဘူး 
စစ်ကြောရေးစခန်းအကြောင်းမပါဘူး 
ခေတ်ပျက်ကြီး အကြောင်းမပါဘူး 
ရောဂါပိုးတွေအကြောင်းမပါဘူး 
သေသွားတဲ့သူတွေအကြောင်းမပါဘူး 
စီးပွားမဖြစ်တဲ့ အကြောင်းမပါဘူး 
ဘဝအကြောင်းမပါဘူး 
ခင်ဗျားအကြောင်းလည်း မပါဘူး 
ကျနော်အကြောင်းလည်းမပါဘူး 

ချစ်ခြင်းများဖြင့် 
ချမ်းမြ
၁၉၊ ၁၊ ၂၀၂၂


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar