Breaking News

ကိုအောင်မှိုင်း - ဆွေး



ကိုအောင်မှိုင်း - ဆွေး
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၁



ပန်းအပွင့်မှာ
အလွမ်းတွေဆင့်တော့
သက်ဆုံးတိုင် မှိုင်။

ပန်းတွေနဲ့ ဝေး
လွမ်းတေးတွေ ရေးတော့
အသံတွေက ယိုင်။

ပန်းခြောက်လေးတွေ
ရေမှာမျောလိုက်ပါ့
ချစ်လက်ကလေးကို ကိုင်။

ချစ်ဦးသူနဲ့
ချစ်ဖူးသူကြား
ပန်းတံတားက ခိုင်။

သူ့ကို ကိုယ်ထား
ကိုယ့်ကို သူထား
မေတ္တာတွေက မြိုင်။

အလွမ်းကမ္ဘာ
အိပ်မက်သံသရာမှာ
အဆွေးတွေနဲ့ လှိုင်။

ရင်နဲ့အမျှပါ

ကိုအောင်မှိုင်း
(ဒီနေ့ ၃ လတင်းတင်းပြည့်ခဲ့ပြီ မိပိုရေ)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar