Breaking News

အောင်ခိုင်မြတ် - မိန်းမတယောက်ကို အလှမွေးထားချင်တယ်

မိန်းမတယောက်ကို
အလှမွေးထားချင်တယ်
အောင်ခိုင်မြတ်
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၂

စောင်ကရှိပြီး
ဆောင်းက မရှိဘူး
စီးကရက်ကရှိပြီး မီးခြစ်က ကျောက်ထွက်နေတယ်
ညစျေးတန်းကရှိပြီး ညမွှေးပန်းကမရှိဘူး
မိန်းမတယောက်ရဲ့ဗိုက်ထဲက ကျွန်တော်ထွက်လာတယ်
လူ့ဘဝဆိုမှတော့
သူ့ဘဝကိုယ့်ဘဝ ပေါင်းစပ်ရတာပေါ့
မြစ်တောင်
ရေနဲ့ပေါင်းပြီးမှ လှရရှာတာ
လမ်းကိုဘယ်သူခွဲခွဲ လမ်းကဘယ်သူ့ကိုမှမခွဲတာ ကျွန်တော်ထိုင်ကြည့်နေမိ
ပျော်ပါတယ်ပြောပြောပြီး မျက်ရည်တွေပဲဝဲနေတဲ့ညနေခင်းထဲ ။

၁၁ ဇန်နဝါရီ  ၂၀၂၂
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar