Breaking News

ကေအိုဇေ - မီးလျှံကြားက လွင့်နေတဲ့လူငယ်အလံ


မီးလျှံကြားက လွင့်နေတဲ့လူငယ်အလံ
ကေအိုဇေ
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၂

ပင်လယ်စာတွေ ဂိမ်းထဲမှာ ပုပ်သိုးသွားပြီး
နှလုံးသားတွေတည့်တည့် ပစ်သွင်းခံလိုက်ရတဲ့နောက်၊
အိပ်မက်က အိပ်ပြီးရှာမရတော့ဘူး
ဘယ်မလဲ 
ပန်းတွေ၊ရေလှိုင်းငြိမ့်အာရုံတွေ၊
နေလိုတောက်ပနေတဲ့ ပင်လယ်တွေ၊
အဲ့ဒီအစား
ပြန့်ကျဲနေတဲ့ အနာဂတ်တွေ၊
မျှော်လင့်ချက်သွေးစသွေးနတွေ၊
ဒဏ်ရာဗလပွနဲ့ ကြယ်တွေ၊

ရွေးချယ်စရာမရှိဘူး
ခေတ်ကိုပြန်ထမ်းနေရဆဲပခုံးသားတွေအဖို့
လွတ်လပ်ခွင့်ကို ကားစင်တင်ခံရမှုက
အရည်ရွှမ်းဦးခေါင်းတွေ မာကျောစေတာပဲ

တော်လှန်ရေးဟာ အတိတ်နဲ့အနာဂတ်တို့ရဲ့တိုက်ပွဲလို့ 
ဖီဒယ်လ်က ပြောခဲ့ဖူးတယ်
ဒါဟာ တိုက်ပွဲဆိုရင်
လွင့်နေတဲ့အလံဟာ ငါတို့ရဲ့အနာဂတ်ပဲ ။ ။
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၂

ပင်လယ်စာတွေ ဂိမ်းထဲမှာ ပုပ်သိုးသွားပြီး
နှလုံးသားတွေတည့်တည့် ပစ်သွင်းခံလိုက်ရတဲ့နောက်၊
အိပ်မက်က အိပ်ပြီးရှာမရတော့ဘူး
ဘယ်မလဲ 
ပန်းတွေ၊ရေလှိုင်းငြိမ့်အာရုံတွေ၊
နေလိုတောက်ပနေတဲ့ ပင်လယ်တွေ၊
အဲ့ဒီအစား
ပြန့်ကျဲနေတဲ့ အနာဂတ်တွေ၊
မျှော်လင့်ချက်သွေးစသွေးနတွေ၊
ဒဏ်ရာဗလပွနဲ့ ကြယ်တွေ၊

ရွေးချယ်စရာမရှိဘူး
ခေတ်ကိုပြန်ထမ်းနေရဆဲပခုံးသားတွေအဖို့
လွတ်လပ်ခွင့်ကို ကားစင်တင်ခံရမှုက
အရည်ရွှမ်းဦးခေါင်းတွေ မာကျောစေတာပဲ

တော်လှန်ရေးဟာ အတိတ်နဲ့အနာဂတ်တို့ရဲ့တိုက်ပွဲလို့ 
ဖီဒယ်လ်က ပြောခဲ့ဖူးတယ်
ဒါဟာ တိုက်ပွဲဆိုရင်
လွင့်နေတဲ့အလံဟာ ငါတို့ရဲ့အနာဂတ်ပဲ ။ ။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar