Radio NUG လှိုင်းတို အသံလွှင့်ချိန်များနဲ့ လေလှိုင်းများ ပြောင်းလဲထားပါကြောင်း
Radio NUG လှိုင်းတို အသံလွှင့်ချိန်များနဲ့ လေလှိုင်းများ ပြောင်းလဲထားပါကြောင်း
(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၂
၂၀၂၂ ခုနှစ် နှစ်ဆန်းမှ စတင်ပြီး Radio NUG မှထုတ်လွှင့်နေတဲ့ အချိန် နှင့်လေလှိုင်းများကို ပြောင်းလဲထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း မိဘပြည်သူများနှင့်နွေဦးတော်လှန်ရေး ရဲဘော်များအား အသိပေးတင်ပြအပ်ပါတယ်ရှင်
မူလထုတ်လွှင့်နေတဲ့ မနက်ပိုင်း ၈ နာရီ မှ မနက် ၈ နာရီခွဲ အချိန်အစား မနက် ၈ နာရီခွဲမှ မနက် ၉ နာရီအထိ ပြောင်းလဲ ထုတ်လွှင့်မှာ ဖြစ်ပါတယ်ရှင်... ထို့နည်းတူ ညနေပိုင်းတွင်လည်း ည ၈ နာရီ မှ ည ၈ နာရီခွဲ အချိန်အစား ည ၈ နာရီခွဲမှ ည ၉ အထိ ပြောင်းလဲ ထုတ်လွှင့်မှာ ဖြစ်ပါတယ်ရှင်...
လေလှိုင်းပြောင်းလဲမှုအနေဖြင့် မနက်ပိုင်း ၈ နာရီခွဲမှ မနက် ၉ နာရီအချိန်အတွက် လှိုင်းတို ၁၆ မီတာ ၁၇.၇၉ မက်ဂါဟတ်ဇ် မှလည်းကောင်း ညပိုင်း ၈ နာရီခွဲမှ ည ၉ နာရီအချိန်အတွက် လှိုင်းတို၂၅မီတာ ၁၁.၉၄ မက်ဂါဟတ်ဇ် တို့မှလည်းကောင်း ပြောင်းလဲ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
မိဘပြည်သူများအနေနဲ့ Radio NUG ထုတ်လွှင့်ချိန်နှင့် လှိုင်းတိုနံပါတ်များကိုပြောင်းလဲ ဖမ်းယူနားဆင်ရမှာဖြစ်ပြီး ဖမ်းယူနားဆင်နိုင်မှု အခြေအနေများကို ပြန်လည် သတင်းပို့ပေးကြစေလိုပါတယ်ရှင်။