စိုးရိမ် - ကိုယ့်ဒူးကို ကိုယ်တိုင်ချွန်လို့
ကိုယ့်ဒူးကို ကိုယ်တိုင်ချွန်လို့
စိုးရိမ်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂
ဒီမိုကရေစီခါးတောင်းကျိုက်နေတဲ့
ကမ္ဘာမှာ
ပြာဟာ မီးလောင်ပြင်ထဲကျလို့
တငွေ့ငွေ့နာကျင်မှုက
အကျိုးအပြတ်နဲ့ ဒဏ်ရာတွေကို
ထွန်ယက်လို့
တွင်းနက်နက်ထဲက ငရဲအော်သံတွေဟာ
တွင်းရဲ့နံရံကို ပဲ့တင်ပြန်နေရတော့
တွင်းအဝကလျှံထွက်မလာကြဘူးထင်ပ
ဒီလိုရောင်ကိုင်းမှုကြီးအောက်
ကောင်းကင်မှောက်ကျမသွားအောင်
ဆုပ်ထားတဲ့လက်သီးထဲ
"ငါတို့မှာ ငါတို့ရှိတယ် ...ငါတို့မှာ ငါတို့ရှိတယ်" ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar