စိုးရိမ် - အစစ်များ
အစစ်များ
စိုးရိမ်
(မိုးမခ)ဖေဖော်ဝါရီ ၃၊ ၂၀၂၂
တိုင်းပြည်အနာဂတ်ကိုခွေးဆွဲသွားတဲ့နေ့က
ကောင်းကင်ပက်လက်ကြီးထဲ
စိတ်ကူးတွေ အိပ်မက်တွေ လွင့်မျောပါသွားကြတယ်
ဘာမဆိုလုပ်ရဲတဲ့ကောင်ကြောင့်
ပြည်သူတွေ ဘာမဆိုလုပ်ရဲလာတယ်
"သေရဲတဲ့ကောင်ထွက်ခဲ့" ဆိုတဲ့ခေါ်သံကြောင့်
အားလုံးက သတ်ရဲအောင် လေ့ကျင့်လာကြတယ်
အနည်ကျကျောက်တွေလိုပါပဲ
တဖြည်းဖြည်း မာကျစ်လာကြတယ်
ငါတို့ရဲ့စိတ်ကူးအိပ်မက်တွေကို
ငါတို့လက်နဲ့ပြန်ယူမယ်
အားလုံးဟာ အသံမအတဲ့ဒင်္ဂါးတွေဖြစ်တယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar